Wednesday, July 19, 2017

နှစ် (၇၀) ပြည့် အာဇာနည်နေ့အခမ်းအနား မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းရင်ပြင်၌ကျင်းပ

မန္တလေး ဇူလိုင် ၁၉
နှစ် (၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား မေတ္တာပို့အမျှဝေရန် နှစ်မိနစ်ငြိမ်သက်ခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် 'အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေးအသင်းအဖွံ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကင်းထောက်ကြီးများ၊ ကင်းထောက်လူငယ်မောင်မယ်များနှင့် တက်ရောက်လာကြသော ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေချ၍ အလေးပြုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  မန္တလာသီရိ အားကစားကွင်းအတွင်း၌ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ်ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နံနက်၁၀နာရီ ၃၇မိနစ်တွင်  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခြင်း အထိမ်းအမှတ်အနေဖြင့် ဥသြဆွဲ၍ ငြိမ်သက်အလေးပြုကြသည်။

တင်မောင် မန်းကိုယ်ပွား

No comments:

Post a Comment