Wednesday, June 7, 2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် Konrad-Adenauer Stiftung (KAS) မှ အထူး ကိုယ်စားလှယ် Dr. Norbert Eschborn နှင့် အဖွဲ့အား တွေ့ဆုံ


နေပြည်တော် ဇွန်  ၇ 
 
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Konrad- Adenauer Stiftung (KAS) မှ အထူး ကိုယ်စားလှယ် Dr. Norbert Eschborn နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တှေ့ဆုံ သည်။


တွေ့ဆုံစဉ် ဂျာမနီနိုင်ငံ အ‌ခြေစိုက် Konrad- Adenauer Stiftung (KAS) နှင့် မြန်မာလွှတ်တော်များ အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များအတွက် “Public Relations and Media Relations’’ နှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ရုံး ၀န်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးနှင့် ပတ်သက်သော သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား  ဆွေးနွေးကြသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment