နေပြည်တော်
ဇွန် ၂၉
ပညာရေး ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၏
ညွှန်ကြားရေးမှူးချုပ် Mr. Yukiya Amano နှင့် ယနေ့နံနက် ၁၁ နာရီတွင်
အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေး၊
မွေးမြူရေး၊ ကျန်းမာရေး၊ ရေနှင့် သက်ဆိုင်သည့် ပညာရပ် စသည့် နယ်ပယ်များတွင်
နျူကလီယား နည်းပညာအသုံးချနိုင်ရေး၊ နျူကလီယားဘေး အန္တရာယ် ကင်းရှင်းရေး၊ နျူကလီယား လုံခြုံရေးနှင့်
နျူကလီယား လုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ် စောင့်ကြပ်ရေး ကဏ္ဍ စသည်တို့တွင်
နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နည်းပညာ အကူအညီများ
ပိုမိုရရှိရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နျူကလီးယား သိပ္ပံနှင့် နည်းပညာ
သုတေသန၊ ဖွံ့ဖြိုးရေးနှင့် လေ့ကျင့် သင်ကြားရေး ဆိုင်ရာဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး
သဘောတူစာချုပ်- ၂၀၁၇ တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင် အဖြစ် ဆက်လက် ပါဝင်ရေး အတွက်
၂၀၁၇ RCA အား သဘောတူ လက်ခံသည့် စာချွန်လွှာကို ပညာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးမှ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်ထံသို့
ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment