Monday, June 19, 2017

ကျောက်ဆည်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးရေးနှင့် မှုခင်းကျဆင်းရေးအတွက် မူခင်းအသိပညာပြခန်းယာဉ်ဖြင့် ပညာပေးဟောပြော

ကျောက်ဆည် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာတွင် ယာဉ်အန္တရာယ် ကင်းဝေးရေးနှင့် မှုခင်းကျဆင်းရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ရဲအုပ် ထင်အောင်ရဲမြင့်နှင့်အဖွဲ့က မှုခင်းအသိပညာ ပြခန်းယာဉ်ဖြင့် ဇွန်လ(၁၉)ရက် နံနက်(၈)နာရီက ဟန်မြင့်မိုရ် ကျေးရွာနှင့် အ.ထ.က ကျောင်းကြားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (ကျောက်ဆည်) ဒုရဲမှူး ခင်မောင်မြင့်က ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ပြောကြား၍ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးဝင်းဇော်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သုံးစွဲသူများ၏ ဆိုးကျိုးများ ပြောကြားပြီး သံရွာစခန်းမှူးရဲအုပ်မြစိုးက မှုခင်းကျဆင်းရေးဆိုင်ရာများ ပြောကြားခဲ့သည်။
အဆိုပါမှုခင်းကျဆင်းယာဉ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာများ၊ ဘိန်းပင်များနှင့် မူးယစ်ဆေးဝါးများကို ပြသရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။ ဆက်လက်၍ သံရွာကျေးရွာနှင့် နောင်ခမ်းကျေးရွာတို့တွင် ပညာပေး ဟောပြောကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)         

No comments:

Post a Comment