Friday, June 9, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ-မြန်မာလွှတ်တော် ချစ်ကြည်ရေး အဖွဲ့ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး


အော်တာဝါ ဇွန် ၈
အော်တာဝါမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ-မြန်မာလွှတ်တော်ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ ကနေဒါအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ဘရုစ်စတန်ဘန် တို့သည် ယနေ့နံနက်ပိုင်းတွင် ခေတ္တတည်းခိုသည့် ဟိုတယ်၌ တွေ့ဆုံဆွေးနွေး ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment