တာချီလိတ် ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက
ဒေသရှိတောင်သူများ စိုက်ပျိုးနည်းပညာများ တိုးတက်ရရှိပြီး စနစ်တကျ လိုက်နာဆောင်ရွက်စေခြင်းဖြင့် ၀င်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍
အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် နှစ်ရှည်ပျိုးပင်များပေးအပ်ပွဲကို ဇွန်လ ၇ ရက်၊
နံနက် ၉ နာရီက အဆိုပါ ရုံးအစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း
က အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့ နှင့်
နှစ်ရှည်ပျိုးပင်များ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က နံ့သာဖြူပင်၊ လျှော်ဖြူပင် စိုက်ပျိုးနည်း ပညာများ၊ ရရှိလာမည့် အကျိုးအမြတ်များအားရှင်းလင်းပို့ချပေးသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအတွက် လယ်ဧက(၁၀၀)စိုက်ပျိုးရန်အထွက်နှုန်း ကောင်းမွန်သည့်
နယူးဧရာစပ်မျိုးစပါး မျိုးစေ့(၇၀၀)ကီလို၊ မြေ(၂၅)ဧကစိုက်ပျိုးရန် အစေ့ထုတ်ပြောင်း စီပီ-၈၆၈ မျိုး (၁၅၀)ကီလို နှင့် (၅)ဧကစိုက်ပျိုးရန် နှစ်ရှည်ပျိုးပင်များဖြစ်သည့် နံ့သာဖြူပင်၊ လျှော်ဖြူပင် ၊ ဒညင်းပင်များကို တာဝန်ရှိသူများက အခမဲ့ပေးအပ်ပြီး၊ မြန်မာ၊ ရှမ်း၊ လားဟူဘာသာများ ပါဝင်သည့် စိုက်ပျိုးရေးဆိုင်ရာ
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment