Thursday, June 8, 2017

နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရွှေဘို  ဇွန် ၈
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွှေဘိုမြို့နယ် ရေကြည်ဝ ကျေးရွာသို့ ကွင်းဆင်း၍ နယ်လှည့် စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် ဆေးရောက်ခြယ်ပြိုင်ပွဲ ကျင်းပခြင်းကို  ဇွန်လ ၇ ရက်နေ့က ရေကြည်ဝကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။                 
                
နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းဇော်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပြီး မြို့နယ်ဦးစီးမှူး ဦးကျော်နန္ဒ၀င်းက စာကြည့်တိုက်ရှင်သန်ခိုင်မာရေးကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက်ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူ(၉၀)ဦးတို့မှ ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ခရိုင်ဦးစီးအရာရှိနှင့် မြို့နယ်ဦးစီးမှူးတို့မှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ 

ဆက်လက်၍ ဂိမ်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ မှတ်ဥာဏ်ကောင်းစေသည့် ဂိမ်းပြိုင်ပွဲများ၊ ပူးပေါင်းဆောင်ရွက်မှုကောင်းစေသည့်ဂိမ်းပြိုင်ပွဲများကို ကျောင်းသားကျောင်းသူများမှ ပျော်ရွှင်စွာဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအလိုက် အနိုင်ရရှိသူများကို ခရိုင်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


မျိုးမင်း(သာစည်)

No comments:

Post a Comment