Friday, June 9, 2017

နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်


မန္တလေး ဇွန် ၉
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်မှုကို ဇွန် (၉)ရက် နံနက် (၁၀)နာရီက ပြည်ကြီး ပျော်ဘွယ်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးဘိုဘိုဟန်က နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲ ကွင်းဆင်းပြသ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ စာအုပ်စာပေလေ့လာဖတ်ရှုရေး စသည့်တို့ကို ဟောပြောဆွေးနွေးပြီး စာပေရေချမ်းစဉ် စာစင်အုပ်ရေ (၂၀၀)အား ပေးအပ်လှူဒါန်းရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေ၀မ်းက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်၊ မူးယစ် ဆေးဝါးအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ ပြည်သူနီတိစသည့် သိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင်များကို တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ 

(ဘိုဘိုဟန်)

No comments:

Post a Comment