Wednesday, June 21, 2017

စားသုံးသူဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း



ညောင်တုန်း       ဇွန်     ၂၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနှ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်းကြောင်သျှာကုန်း ကျေးရွာ အ.လ.က အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော (FDA) မှ နိုင်ငံပိုင်သတင်းစာများတွင် အများပြည်သူများ စားသုံးရန် မသင့်ဟုကြေငြာထားသည့် စားသောက်ကုန်များ ရောင်းချနေခြင်း ရှိ/ မရှိကို
ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူရေးရာအဖွဲ့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ အန္တရာယ်ရှိသော ဓာတုဗေဒ ဆေးဝါးများနှင့် တာရှည်ခံဆေးဝါးများမှ ရရှိစေနိုင်သော ဆိုးကျိုးများအကြောင်း၊ ရက်လွန်နေသော အစားအစာများကို ရောင်းချခြင်း မပြုရန်အကြောင်းနှင့် လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခြင်း၊ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ စားသုံးသူရေးရာသိကောင်းစရာများ၊ ဘေးထွက်ဆိုးကျိုးများနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို အသေးစိတ်ရှင်းလင်းပြောကြားရာ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာ နားထောင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment