Thursday, June 1, 2017

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇွန် ၁
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တော ဦးစီးဌာန၌ကျင်းပရာ အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတ က စက်ရုံ၊ အလုပ်ရုံများနှင့် သယံဇာတအခြေခံစီမံကိန်းလုပ်ငန်း များကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင် အပေါ် ဆိုးကျိုးသက်ရောက်မှုများမဖြစ်ပေါ် စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အ ဆင့်ကြီးကြပ် မှုကော်မတီများ၏ ဦးဆောင်ကြီးကြပ် မှုဖြင့်လိုအပ်သည့်လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီကွင်းဆင်းစစ်ဆေးစိစစ်ကြပ်မတ်မှုများဆောင်ရွက်သွားရေး၊  သက်ဆိုင်ရာ တိုင်း ဒေသ ကြီးနှင့် ပြည်နယ်များအလိုက် သဘာဝသယံဇာတအရင်းအမြစ်များကိုထိန်းသိမ်းစီမံခန့်ခွဲ အကျိုးရှိစွာအသုံးပြု ရေး၊ စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး၊ ဒေသဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် အဖွဲ့အစည်းများစနစ်တကျ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မြို့ပြဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုများအတွက် ဇုန်နယ် မြေများသတ်မှတ်ပြီး မြေအသုံးချမှု၊ လူနေအိမ်ရာချထားမှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများကို ဖြစ်ပေါ်တိုး တက်လာသည့် ခေတ်စနစ်နှင့်အညီ စီမံခန့်ခွဲမှုများနှင့် လိုအပ်သည့်နည်းပညာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက် သွားရေးစသည့် လုပ်ငန်းစဉ်များသည် ရေရှည်ဆောင်ရွက် သွားရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအသိပညာပြန့်ပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကဏ္ဍအလိုက်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊  ကဏ္ဍအလိုက်အစီအမံ တွေချမှတ်ရေးဆွဲရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အစီအစဉ် (Action Plan) များတွင် ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ဗဟိုလုပ်ငန်းကော်မတီများနှင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီများအနေဖြင့် ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များကို လက်တွေ့ကျကျ ကွင်းဆင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  စက်မှုဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်မှုအနည်းဆုံးဖြစ်စေရန် အထူးသတိထားဆောင်ရွက်ရမည် ဖြစ်ပြီး အနာဂတ်မျိုး ဆက်သစ်များအတွက် ပိုမိုကောင်းမွန်သန့်ရှင်းပြီး ရေရှည်တည်တံ့ မည့် သဘာဝပတ်ဝန်းကျင်ကို လွှဲပြောင်းပေးနိုင်ရေး အတွက် ညီညီညွတ်ညွတ်နှင့် တာဝန်သိသိ အားထုတ်ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသာမက အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပြည်သူ တစ်ရပ်လုံးပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို လည်း ရေရှည်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီ အစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးအပါအဝင် ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချရေး၊ လိုက်လျောညီထွေဖြစ်ရေးနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး ဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ကဏ္ဍအလိုက်၊ ဌာနအလိုက်ရေးဆွဲ ဆောင်ရွက်နေကြသကဲ့သို့ နိုင်ငံတော်အဆင့်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေကြသည်ကိုမြင်တွေ့ကြရမည်ဖြစ် ကြောင်း၊
အမျိုးသားအဆင့်မူဝါဒ၊ မဟာဗျူဟာ၊ ပင်မအစီအစဉ်နှင့်  လုပ်ငန်းအစီအစဉ်များ၊  နိုင်ငံတော်အဆင့်ဖွဲ့စည်း ထားသည့်ကော်မတီများ၏ လုပ်ငန်းတာဝန်များကို  သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအချင်း ချင်းသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်ပါ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြ ရမည်ဖြစ် ကြောင်း၊  အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မဟာဗျူဟာမူဘောင်နှင့် ပင်မအစီအစဉ်၊ အမျိုးသားအဆင့်ရာ သီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များသည် အမျိုးသားအဆင့်(National Level)၌သာမက တိုင်းဒေသ ကြီးနှင့်  ပြည်နယ်(Sub-national Level)များ၌ပါ ကျယ်ကျယ်ပြန့်ပြန့် ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊
အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ကို ပြည်သူလူထုပူးပေါင်းပါဝင်မှု ဖြင့် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ဆောင်ရွက်ရမည့်လုပ်ငန်းများသည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေခံကောင်းများရေရှည်တည်တံ့ရေးဖြစ်သည့် အတွက်  ပွင့်ပွင့်လင်းလင်းရင်းရင်း နှီးနှီးဆွေးနွေးညှိနှိုင်းပူး ပေါင်းဆောင်ရွက်သွားကြမည် ဆိုပါက တွေ့ကြုံရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှား သွားနိုင်မည် ဟုယုံကြည်ပါကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံဉာဏ် ကောင်းများဖြင့် ဆွေးနွေးအကြံပြုပြီး အားသာချက် အားနည်းချက်များကို အပြုသဘောဖြင့် ဝေဖန်ထောက်ပြစေ လိုကြောင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်း က အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံညွှန်း ဆိုင်ရာလုပ်ငန်းကော်မတီ၊ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့် ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့် ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းကော်မတီ၊ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ရာသီဥတု ပြောင်းလဲ မှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာပေးရေးနှင့် အသိပညာပြန့် ပွားရေးလုပ်ငန်းကော်မတီနှင့် အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်း ကော်မတီ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဗဟိုကော်မတီ၏ ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစိုးရမဟုတ်သောအဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများကို ရှင်းလင်း တင်ပြ ကြသည်။

ယင်းနောက် အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတက ရှင်းလင်းတင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။     

No comments:

Post a Comment