Monday, June 12, 2017

မဘိမ်းမြို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်

 မဘိမ်း ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီ ရေစီးရေ
လာကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မင်းစိန်နှင့် ကော်မတီဝင်များ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ  ဦးအောင်သူနှင့်အင်ဂျင်နီယာ ဦးကျော်စွာထွန်း တို့က ဇွန် ၁၂ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မဘိမ်းမြို့နယ်စည်ပင်သာယာရေးဌာနက မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရေးနှင့်ရေစီးရေလာ
ကောင်းမွန်စေရေးအတွက် အုတ်စီ ရေမြောင်းများကို မြို့မရပ်ကွက် ဈေးအရှေ့ လမ်းတွင် ( အရှည်၄၀၀ ပေ×အကျယ် ၁ပေခွဲ×အနက် ၁ပေခွဲ) ကုန်းခါးရပ်ကွက် အထက လမ်းတွင်( ၂၀၀ ပေ×၁ပေခွဲ×၁ ပေခွဲ)နှင့် ရန်ကြီးအောင်လမ်းတွင်( ၅၀၀ ပေ× ၁ပေခွဲ×၁ပေခွဲ)ကို
ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါရေမြောင်းများနှင့်အတူ Box Culvert ရှစ်စင်းကိုလည်း ဆောက်လုပ်
ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ထိန်လင်းဦး(ပြန်/ဆက်)

No comments:

Post a Comment