Tuesday, June 27, 2017

စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်

မင်းဘူး        ဇွန်         ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ တိုဟူးကြော်၊ ပဲကြော်၊ ပြောင်းစေ့ အရွကြော်၊ မြေပဲအပွကြော် စသည့် အသေးစား ထုတ်ကုန်လုပ်ငန်း ဆောင်ရွက်လျက်ရှိသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ ဆောင်ရွက်ခြင်း ရှိ/မရှိကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာ ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် စံချိန်စံညွှန်း၊ အရည်အသွေးမီ ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ ထုတ်ပိုးမှုစနစ်တွင် ပါဝင်ရမည့် အချက်များအား စစ်ဆေးခြင်း၊ ကျန်းမာရေး နှင့်ညီညွှတ်မှု ရှိမရှိ စစ်ဆေးခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်ထားနိုင်ခြင်း ရှိ/မရှိ တို့ကို ပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖိုးပြည့်

No comments:

Post a Comment