စတော့ဟုမ်း
ဇွန် ၁၁
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များသည် ဇွန် ၁၀ ရက် ဒေသစံတော်ချိန်
ည ၇ နာရီခွဲတွင် ကနေဒါနိုင်ငံမှ အဲယားကနေဒါ လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ပြီး ဇွန်
၁၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပြင်သစ်နိုင်ငံ ချားလ်းစ်ဒီဂေါ လေဆိပ်သို့
ရောက်ရှိကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာ သံအမတ်ကြီး ဦးဟန်သူနှင့်
သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့်
ဆွီဒင်လေကြောင်းလိုင်းဖြင့် ဆွီဒင်နိုင်ငံသို့ ဆက်လက် ထွက်ခွာကြရာ ဒေသစံတော်ချိန် မွန်းလွဲ
၁ နာရီခွဲတွင် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ သံရုံးဝန်ထမ်းများနှင့်
မိသားစုဝင်များ၊ ဆွီဒင်နိုင်ငံရောက် မြန်မာနိုင်ငံသားများက လေဆိပ်၌ လှိုက်လှဲ နွေးထွေးစွာ
ကြိုဆိုကြသည်။
(သတင်းစဉ်)
No comments:
Post a Comment