Thursday, June 15, 2017

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၂၀၁၇ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး တက်ရောက်


နေပြည်တော် ဇွန် ၁၅
 
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၇ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်းဆည်အနီး၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ပြီး သစ်ပင်စိုက်ပျိုးပေးသည်။ 


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်ကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက ကံ့ကော်ပင်ကို လည်းကောင်း စိုက်ပျိုးပေးကြသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နီးများ၊ အခမ်းအနား တက်ရောက်လာကြသူများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယနေ့ကျင်းပသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၂၀၁၇ ခုနှစ်၊ ပထမ အကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၇၂၀၀ စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများတွင် ရတနာ တန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်၊ စိုက်ပျိုးပင် ၉၃၇၅၀ စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်) 

No comments:

Post a Comment