Friday, June 16, 2017

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရေဆင်းသစ်တောတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ

နေပြည်တော် ဇွန် ၁၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ မွန်းလွဲပိုင်း တွင် ရေဆင်း၊ သစ်တောတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း တက်ရောက်သင်ကြား လျက်ရှိသော ပထမနှစ်မှ ပဉ္စမနှစ်အထိ သစ်တောတက္ကသိုလ် ကျောင်းသူ/ကျောင်းသားများအား တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသူ/ကျောင်းသားများအား အချိန်ကို တန်ဘိုးရှိစွာအသုံးချရန်၊ ဘာသာရပ် ဆိုင်ရာ စာပေများအပြင် အခြားပြင်ပဗဟုသုတရရှိမည့် စာများအားလည်း အချိန်ပေးလေ့လာရန်နှင့် ကျောင်းသူ/ ကျောင်းသား အချင်းချင်းရိုင်းပင်း ကူညီရန်နှင့် နှစ်စဉ်စာမေးပွဲ အောင်မြင်အောင် ကြိုးစားသွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်း၊ သစ်တောသုတေသနဌာနသို့ သွားရောက်၍ နော်ဝေနိုင်ငံ အထောက်အပံ့ ဖြင့် ဆောင်ရွက်လျက်ရှိသော ရေသုတေသန ဓါတ်ခွဲခန်း တည်ထောင်ရေးစီမံကိန်းသို့သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါ စီမံကိန်းတွင် ရေသုတေသတန ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအဆောက်အဦ ပြင်ဆင်မွန်းမံခြင်း၊ ဇီဝဗေဒ ဆိုင်ရာ၊ ရူပဗေဒဆိုင်ရာနှင့် ဓါတုဗေဒဆိုင်ရာ အချက်အလက်များ ဆန်းစစ်လေ့လာနိုင်မည့် စက်ပစ္စည်းတပ်ဆင်ခြင်းနှင့် အဆိုပါစက်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် သင်တန်းပို့ချခြင်းများပါဝင်ပြီး စီမံကိန်း ကာလနောက်ပိုင်းတွင် ဌာနဆိုင်ရာ သုတေသန လုပ်ငန်းများအပြင် သုတေသနကျောင်းသားများနှင့် စီးပွားရေးလုပ်ငန်းများအတွက်ပါ လိုအပ်သော ရေဓါတ်ခွဲ စမ်းသပ်မှုများအား အခကြေးငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment