Sunday, May 21, 2017

ဆေးဝါးစက်ရုံ(အင်းစိန်) အရက်ပျံထုတ်လုပ်ရေးဌာနနှင့် BPI ဆေးဝါးအရောင်းဆိုင်များသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စစ်ဆေး





ရန်ကုန်-မေ၂၁

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက်ပိုင်း တွင် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိပြီး ဆေးဝါးသုံးအရက်ပြန် ထုတ်လုပ်ရာတွင် အလိုအလျောက်ပုလင်း  ဖြည့်စက်ဖြင့် ထုတ်လုပ်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆး သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆေးဝါးများသည် လူ့အသက်အတွက် ထုတ်လုပ်ရခြင်းဖြစ်သဖြင့် လွန်စွာအရေးကြီးကြောင်း၊ ဆေးဝါးများအား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထား သည့် WHO GMP Guide Line နှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်လို ကြောင်းနှင့် ဈေးကွက်အတွင်း BPI ဆေးဝါးများနှင့် အရက်ပျံပြတ်လပ်မှုမရှိစေရေးအတွက် ထုတ်လုပ်မှု နှစ်ဆတိုးမြှင့်ထုတ်လုပ်ရန် မှာကြားသည်။
ဆက်လက်၍ ပဋိဇီဝဆေးဝါးများ ထုတ်လုပ် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)BRI ဆေးဝါး အရောင်းဆိုင်ကို လှည့်လည်ကြည့်ရှုပြီး ပြည်သူလူထုအား ရောင်းချနေမှုများအား အားပေးကြည့်ရှု၍ ဆေးဝါးများအား အမှတ်တရလက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်လျှက်ရှိသော ပန်းဆိုးတန်းလမ်းရှိ Myan House အရောင်းဆိုင်သို့ ရောက်ရှိပြီး BPI ဆေးဝါးများ ပြည်သူလူထုကို ရောင်းချနေမှုများအား ကြည့်ရှု အားပေးပြီး ဆေးဝါးလက်ဆောင်များ ပေးအပ်သည်။ ထို့အပြင် SME လုပ်ငန်းရှင်များမှ ထုတ်လုပ်ထားသော မြန်မာမှုအနုပညာနှင့် ထုတ်ကုန်ပစ္စည်းများ  ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုများကို လေ့လာကြည့်ရှုပြီး SME လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် တီထွင်ဆန်းသစ်မှုများအပြင် ဒီဇိုင်းအသစ်များဖြင့် ဈေးကွက် ကျယ်ပြန့်စွာ ရောင်းချနိုင်စေရန် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးအတွက် လိုအပ် ချက်များနှင့် မြေပြင်အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

BPI ထုတ်ဆေးဝါးနှင့် အရက်ပျံများအား ပြည်သူလူထုလက်ဝယ်သို့ လွယ်ကူ လျှင်မြန်စွာ ဖြန့်ဖြူးရောင်းချ နိုင်စေရေးအတွက် အလားတူ BPI ဆေးဝါးအရောင်း ဆိုင်များကို တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဗိုလ်ဆွန်ပက်လမ်းနှင့် ရန်ကုန်မြို့ရှိ အခြားနေရာများအပြင်  နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ မကွေး၊ မုံရွာတို့တွင် မကြာမှီဆက်လက်ဖွင့်လှစ်တော့မည်ဖြစ် ကြောင်း သိရှိရသည်။(သတင်းစဉ်)

No comments:

Post a Comment