Sunday, May 21, 2017

ဂန့်ဂေါတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဆွေးနွေး

ဂန့်ဂေါ မေ ၂၁
ဂန့်ဂေါမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူ ချောမွေ့စွာ လိုက်ပါသွားလာနိုင်ရေး အတွက် ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့နှင့် ဂန့်ဂေါမြို့နယ် မော်တော်ယာဉ် အသင်း ကြီးကြပ်ရေးအဖွဲ့၊ မော်တော်ယာဉ်လိုင်းများမှ တာဝန်ရှိသူများ၊ ယာဉ်ပိုင်ရှင်များ တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးပွဲကို မေ ၂၀ ရက်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့သည်။



အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်လင်း က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူ များက ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ၊ ယာဉ်လိုင်းများ အချိန်မှန်ထွက်ရှိနိုင်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။

ဂန့်ဂေါ (ပြန်/ဆက်)

No comments:

Post a Comment