Tuesday, May 23, 2017

ကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ယူနီဒို)၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေ ကိုယ်စားလှယ် ဖြစ်သူမှ ၄င်း၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် ခန့်အပ်လွှာအား ပေးအပ်



နေပြည်တော် မေ ၂၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အား ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ယူနီဒို)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အသစ် အဖြစ် တာဝန် ထမ်းဆောင်မည့် Mr. Stein Hansen သည် ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ တွေ့ဆုံပြီး ၎င်း၏ ဌာနေ ကိုယ်စားလှယ် ခန့်အပ်လွှာကို ပေးအပ်သည်။

ခန့်အပ်လွှာ ပေးအပ်စဉ်အတွင်း ယူနီဒိုအဖွဲ့က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကို အခြေခံသော စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် အစိမ်းရောင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေး စသည့် ကဏ္ဍများ အပါအ၀င် မြန်မာနိုင်ငံနှင့် ယူနီဒို တို့အကြား ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment