Sunday, May 21, 2017

မကွေးမြို့တွင်း ကတ္တရာကွန်ကရစ်လမ်း (၄)လမ်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုရေးဘဏ် ၊ မကွေး ဘဏ်ခွဲနှင့် ချမ်းမြှေ့သာယာတန်ဖိုးမျှတ အိမ်ရာဖွင့်ပွဲများကျင်းပ


နေပြည်တော် မေ ၂၀
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်း ကတ္တရာကွန်ကရစ်လမ်း (၄)လမ်းဖွင့်ပွဲ ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မကွေးဘဏ်ခွဲ ဖွင့်ပွဲနှင့် ချမ်းမြှေ့ သာယာတန်ဖိုးမျှတအိမ်ရာဖွင့်ပွဲ အခမ်းအနားတို့ကို ယနေ့တွင် တစ်ရက်တည်းဖွင့်လှစ်ခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက် သည်။

မကွေးမြို့တွင်း ကတ္တရာကွန်ကရစ်လမ်း(၄) လမ်းဖွင့်ပွဲ အခမ်းအနားကို နံနက်(၈)နာရီ တွင် မကွေးမြို့ ၊ မြို့တော်ခန်းမရှေ့ ၊ ဖွင့်ပွဲလမ်း မုခ်ဦး၌ကျင်းပရာ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားနှင့် ကတ္တရာ ကွန်ကရစ်လမ်း ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် ဝိုင်းဝန်းစောင့်ရှောက်ထိန်းသိမ်း သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးမြို့တွင်း(၄)လမ်း ကတ္တရာကွန်ကရစ်လမ်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးဇော်မျိုးဝင်း ၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး ၊ လမ်းဦးစီးဌာန ၊ လမ်းအထူးအဖွဲ့(၁၁) မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင် ၊ ဒေသခံမြို့မိ ၊ မြို့ဖ ဦးအေးကို တို့က ကတ္တရာကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာကွန်ကရစ် လမ်းအား ဖြတ်သန်း ကြည့်ရှု့ကြသည်။
ဆက်လက်၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ မကွေးဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို နံနက်(၉) နာရီတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဇော်မင်း ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် ဥက္ကဌ ဦးမင်းထိန် ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာ ဦးဝင်းတင့် ၊ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်  ဒါရိုက်တာ ဦးသက်တင်ဝင်း ၊ ဆောက်လုပ် ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော် တို့က မကွေးမြို့ဆောက် လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် မကွေးဘဏ်ခွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် မကွေးဘဏ်ခွဲ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်း ပေးကာ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ မကွေးမြို့ ချမ်းမြေ့သာယာ တန်ဖိုးသင့်အိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားကို နံနက်(၉)နာရီခွဲတွင် အဆိုပါ အိမ်ရာစီမံကိန်းအတွင်းရှိ မဏ္ဍပ်၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတာတို့က ချမ်းမြေ့သာယာ တန်ဖိုးသင့်အိမ်ရာဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အထူးသဖြင့်ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ၊ တန်ဖိုးမျှတအိမ်ရာများ ဖော်ဆောင်ရာတွင် ပြည်သူများလက်ဝယ်သို့ ရောက်ရှိနိုင်ရေး ပြည်သူများအိမ်ပိုင်ရာပိုင် ဖြစ်စေရန်အတွက် တန်ဖိုးသိန်း (၁၀၀)အောက် ရောင်းချနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း ၂၀၁၆-၂၀၁၇ အထိ ဝန်ထမ်းအိမ်ရာ (၅၀၈)ခန်း၊ တန်ဖိုးသင့်အိမ်ရာ (၃၀၄)ခန်း ၊ အငှားအိမ်ရာ ( ၁၂၀) ခန်းများအပါအဝင် အိမ်ခန်းပေါင်း (၉၃၂) ခန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း ၊ ၂၀၁၇-၂၀၁၈ ခုနှစ်မှာလည်း မကွေး ၊ ရေနံချောင်း ၊ ချောက် ၊တောင်တွင်းကြီး မြို့တို့မှာ ဝန်ထမ်းအိမ်ရာ(၈)ခန်းတွဲ(၆)ထပ် (၁)လုံးစီ ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း။
တန်ဖိုးမျှတအိမ်ရာမှာ ရှိတဲ့(၈)ခန်းတွဲ (၄) ထပ် (၁၂၈)ခန်းတွင် တန်ဖိုးသိန်း(၃၀၀) အောက် အခန်းများ ဝယ်ယူပါက အခန်းတန်းဖိုး၏ (၃၀%) ဘဏ်စုငွေ ပြည့်မီပါက တက်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်(၇၀%)အား (၁၀) နှစ်အရစ်ကျဖြင့် ပေးသွင်း ဝယ်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခန်းပေါင်း (၃၀၄)ခန်းအတွက် နိုင်ငံတော်မှ (၅၃သမ၈၆၉)  ဘီလီယံ  ကျခံပြီး ပြည်သူ / ဝန်ထမ်း / အငြိမ်းစား /ကုမ္ပဏီဝန်ထမ်းတို့  နေရေး အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် ကော်မတီဖြင့် စီစစ်ရောင်းချပေးသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါကြောင်း။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အလားတူဝန်ထမ်းများနှင့် ပြည်သူများ နေထိုင်ရေးအတွက် တန်ဖိုးကျပ်သန်း(၂၁၅၂.၈၀၀) သန်း အကုန်အကျခံ၍ (၈)ခန်းတွဲ (၅)ထပ် (၃)လုံး ၊ အခန်းပေါင်း(၁၂၀)အား မကွေးမြို့ ၊ ဆားရွှေကင်းရပ်ကွက်၌ တည်ဆောက်နေရာ ဇွန်လ၌ ပြီးစီး မည်ဖြစ်ပြီး ပြီးစီးပါက ဝန်ထမ်း များနှင့်ပြည်သူများအား အငှားချထားရေး ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က မကွေးမြို့တွင် အိမ်ရာ စီမံကိန်းများ ဆောင်ရွက်ပေးသည့်အတွက် ပြည်သူမျာ ၊ ဝန်ထမ်းများ ၊ အငြိမ်းစားဝန်ထမ်းများအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဒေသခံပြည်သူတစ်ဦးမှ ဝင်ငွေနည်းပြည်သူများအား တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာများ ဆောင်ရွက်ပေးသည့် အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၊ဆောက်လုပ်ရေးရိပ်သာတွင် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီး အကဲများနှင့်တွေ့ဆုံပြီး မကွေးတိုင်း ဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆောက်အဦး ၊ လမ်း ၊ တံတားနှင့် မြို့ပြအိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
ထို့နောက် အဆောက်အဦ ၊ လမ်း ၊ တံတားများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင်ဆောင်ရွက်နိုင်ရန် မကွေးမြို့တွင် လမ်းဦးစီးဌာန Mini- Laboratory ထားရှိမှုအခြေအနေကို လည်းကောင်း လှည့်လည် ကြည့်ရှု့စစ်ဆေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်နေပြည်တော်-တောင်ညို-မြို့သစ်- ကံပြား(မကွေး) လမ်းပေါ်ရှိ ယင်းချောင်းတံတားသည် ဧပြီ ၁၇ ရက်နေ့တွင် မာရသာ မုန်တိုင်းကြောင့် ရေတိုက်စား ပျက်စီး မှုအား တံတားဦးစီးဌာန ၊ တံတားအထူးအဖွဲ့(၆)မှ ပေ(၅၀)နှစ်ခန်းတိုးချဲ့တည်ဆောက်ပြီးစီးမှုနှင့် ရေခေါ် တူးမြောင်း ဖောက်လုပ်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment