Thursday, May 18, 2017

မိုင်းဆတ်၌ န၀ဒေးကွန်ကရစ် တံတားသစ်ဖွင့်ပွဲကျင်းပ

မိုင်းဆတ် မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ကို ဆက်သွယ်ထားသည့် န၀ဒေးကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို မေ ၁၈ ရက် နံနက် ၈ နာရီက အဆိုပါ တံတားမုဒ်ဦး၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်က နဝေဒေးကွန်ကရစ်တံတား သစ်တည်ဆောက်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီး မယ်ဆွမ်မြောက်ရပ်ကွက်နေ ဦးစိုင်းဟိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်အောင်တို့က တံတားသစ်ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်များကို  တာဝန်ရှိသူများထံပေးအပ်သည်။
ယင်းနောက်  တံတားသစ်ကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်ဥပဒေချုပ် ဦးထွန်းဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားသစ်ကို အမွှေးနံ့သာရေများဖြင့် ပက်ဖျန်း၍ တံတား သစ်ပေါ် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယခင်န၀ဒေးသစ်သားတံတားသည် ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့ပြီး ရန်ပုံငွေအရ သာမန်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း အဆင့်သာ ဆောင်ရွက်နိုင်သောကြောင့် ၂၀၁၅ခုနှစ်ကစပြီး အချိန်မရွေးပြိုကျ ပျက်စီးနိုင်တဲ့အခြေအနေ ရောက်ရှိခဲ့သဖြင့် ၂၀၁၆ခုနှစ်၊ ဇွန်လ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မိုင်းဆတ်ခရီးစဉ်တွင် တင်ပြခဲ့ရာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၊ ဖြည့်စွက်ရန်ပုံငွေမှကျပ်သိန်း (၉၅၀)  ခွင့်ပြုပေးခဲ့၍ အလျား ၈၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ န၀ဒေး ကွန်ကရစ်တံတားသစ်ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်ထံမှ သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment