Wednesday, May 17, 2017

ဆယ်မားအူးလ်အွန်ဒုံစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာသစ်ခန်းမဆောင်တည်ဆောက်

နေပြည်တော် မေ  ၁၆
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ ကူညီထောက်ပံ့မှုဖြင့် ကျေးလက်နေပြည်သူများအား လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ဝင်ငွေတိုးပွားရရှိရေးစသည့် လုပ်ငန်းသုံးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ ဆယ်မားအူးလ်အွန်ဒုံစီမံကိန်းရံပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်ခန်းမဆောင်တည်ဆောက်ခြင်း လုပ်ငန်းကို မေလ ၁၆ ရက် နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ညောင်ကုန်းကျေးရွာ ဆယ်မားအူးလ်အွန်ဒုံစီမံကိန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးမြင့်စိုးက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာနေပြည်သူများအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရှင်းလင်းချပြပြီး ကျေးရွာပြည်သူ လူထု၏ သဘောတူညီမှုဖြင့် လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငွေကြေး သုံးစွဲမှုများကိုလည်း ပွင့်လင်းမြင်သာစွာချပြဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာသစ်ခန်းမဆောင်ကို ဆယ်မားအူးလ်အွန်ဒုံစီမံကိန်း ရံပုံငွေဖြင့် အလျားပေ(၅၀)၊ အနံပေ(၃၀)၊ အမြင့်(၁၂)ပေရှိ တစ်ထပ်ခန်းမဆောင်အဖြစ် ငွေကျပ်(၁၂၄)သိန်းကျော်ကုန်ကျခံ တည်ဆောက်ရာတွင် ကျေးရွာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်း ကော်မတီ ဥက္ကဌ နှင့် ကျေးရွာပြည်သူများက စုပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment