Sunday, May 28, 2017

ရှေးဦးသူနာပြုစုနည်း (ကြက်ခြေနီ) သင်တန်းဖွင့်ပွဲ အင်းတော်မြို့တွင်ကျင်းပ

အင်းတော် မေ ၂၈
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးသူနာ ပြုစုနည်း (ကြက်ခြေနီ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၁၇ ခုနှစ် မေ ၂၈ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုထွေးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်လင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဝေညှိက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အင်းတော်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား ကြက်ခြေနီအသင်းဝတ်စုံ တစ်စုံစီကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ အင်းတော်မြို့ပေါ်လေးရပ်ကွက်မှ သင်တန်းသား/သူ (၂၀) ဦး တက်ရောက်ပြီး၊ သင်တန်းနည်းပြ အဖြစ် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် တပ်ဖွဲ့မှူးသုံးဦးတို့က ရှေးဦးပြုစုခြင်းနည်း၊ လူနာသယ်ဆောင် နည်း၊ လူနာကိုင်သွယ်နည်း၊ လူနာဆန်းစစ်ခြင်းနည်း၊ ဒဏ်ရာဆန်းစစ်ခြင်းနည်း၊ သဘာဝဘေးအန္တရာယ်အကြောင်း၊ TV ရောဂါ၊ HIV ရောဂါ၊ ငှက်ဖျားရောဂါအကြောင်း၊  အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာနှင့် ရောဂါကာကွယ်ရန် နည်းလမ်းများကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ လေးရက်ကြာ သရုပ်ပြသင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

(ကျော်မြိုင်) အင်းတော်

No comments:

Post a Comment