Sunday, May 21, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ရောက်ရှိ


နေပြည်တော် မေ ၂ဝ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (14th ACDFIM)သို့ တက်ရောက်ခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည်
ယနေ့ မွန်းလွဲ ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ထွက်ခွာကြပြီး ည ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms.Stephnie Alexis A. Cruz နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment