Monday, May 1, 2017

သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ရန်အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်း


နေပြည်တော်  မေ ၁
 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိဗိမာန်၌ ကျင်းပသည့် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော် မြတ်ကြီး၏ ၀တ္တကမြေအတွင်း ဆောက်လုပ် လှူဒါန်းသည့် သီရိမင်္ဂလာ မဟာ သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ရန် ဒုတိယအကြိမ် အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနား တပ်ရောက်သည်။  

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုမှ အလှူငွေကျပ်သိန်း ၁၀၀ အား ပေးအပ် လှူဒါန်းရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက လက်ခံရယူသည်။

ထို့နောက် သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ မိသားစုမှ အလှူငွေကျပ်သိန်း ၃၄၀ အားလည်းကောင်း၊ ရွှေတောင် ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၅၀၀ အားလည်းကောင်း၊ Mother Industrial Co,Ltd မှ ငွေကျပ်သိန်း ၃၅၀ အားလည်းကောင်း၊ အနာဂါတ်အလင်းတန်း ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ ထူးဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ ကွန်းခိုရာ ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ နေကမ္ဘာ မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ Amazing Group မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ ကြယ်နီလာ ကုမ္ပဏီမှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ အောင်မြင်သူ ကုမ္ပဏီမှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ Sky One Co,Ltd မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊K T Development မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ Authentic Co.Ltd မှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ IGE မျှဝေသော လက်များဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၂၀၀ အားလည်းကောင်း၊ နောင်တုံ ကုမ္ပဏီမှ ငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူသည်။

ဆက်လက်၍ ကုမ္ပဏီများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့မှ အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အခမ်းအနား တက်ရောက်လာကြသည့် အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ခင်းကျင်းပြသ ထားသည့် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ရန် လျာထား ဆောင်ရွက်နေမှု မှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှုကြသည်။

အဆိုပါ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီးအတွက် ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အလှူငွေ ပေးအပ်ပွဲတွင် အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၇၃၉၀ ကျော်ဖြစ်ပြီး ပထမအကြိမ် အပါအ၀င် လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် ၉၂၉၀ သိန်းကျော် ဖြစ်ကြောင်း သိရှိရသည်။

ယခုဆောက်လုပ်နေသည့် သာသနာ့ဗိမာန်တော်ကြီးသည် အလျား ၁၈၆ ပေ၊ အနံ ၇၂ ပေရှိ နှစ်ထပ် အဆောက်အဦဖြစ်ပြီး အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် ကပ်လျက် ၀တ္တကမြေ အတွင်း၌ တည်ဆောက်နေခြင်း ဖြစ်သည်။ အဆိုပါ ဗိမာန်တော်ကြီး တည်ဆောက်ပြီး စီးပါက ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်း သံဃာတော်များ စာပြန်ပွဲ ကျင်းပခြင်း၊ ဘာသာရေး သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပခြင်းများအား အဆင်ပြေ ချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment