Tuesday, May 9, 2017

မြိတ်၌ အကြိမ်(၂၀)မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပ

မြိတ် မေ၉
၂၀၁၇ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို မေလ(၉)ရက် နံနက်(၉)နာရီက မြိတ်ခရိုင်၊ အထက(၃)၊ ပညာရတနာခန်းမတွင် အကြိမ်(၂၀)မြောက်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အလယ်တန်းဆင့် ပန်းချီ(၉)ဦး၊ မူလတန်းအဆင့်ကာတွန်း(၄)ဦး၊ အထက်တန်းအဆင့် ပိုစတာ(၈)ဦး၊ အလယ်တန်းအဆင့် ကွန်ပျူတာပန်းချီ(၁)ဦးစုစုပေါင်း(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ထွန်းနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲကို "လူသားတို့ကမ္ဘာမပျက်သုံးဖို့ အန္တရာယ်မူးယစ်ဆန့်ကျင်စို့ ။ မူးယစ်ကင်းစင်ပြည်တခွင် စည်ပင်ဖွံ့ဖြိုးစီးပွားတိုး ။အားကစားဖြင့် မျိုးဂုဏ်မြင့်ဖို့ မူးယစ်ဆေးကိုဆန့်ကျင်စို့ ။ သက်ရှည်ကျန်းမာလူသားကမ္ဘာ မူးယစ်ဆေးဝါးတိုက်ဖျက်ပါ ။ မူးယစ်စွဲသူဖေးမကူရောင်းချသူကိုအရေးယူ ပြိုင်တူဆောင်ရွက် တိုင်းပြည် အတွက် ။ ဦးစွာနားထောင်ပါ ။ " စသည့်ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

No comments:

Post a Comment