Wednesday, May 17, 2017

အထူးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း(၁၇) ကြိမ်မြောက် ဒိုဟာဖိုရမ်သို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် မေ ၁၇
ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် မေ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် (၁၇)ကြိမ် မြောက် ဒိုဟာဖိုရမ်သို့ တက်ရောက်ခဲ့သော ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

ခရီးစဉ်အတွင်းအထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကာတာနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီး H.E. Sheikh Mohammed bin Abdulrahman bin Jassim Al-Thani နှင့် မေ ၁၃ ရက်၊ ညနေ ၄ နာရီတွင် ဒိုဟာမြို့၊ Sheraton Hotel ၌လည်းကောင်း၊ကာတာနိုင်ငံ၊ ဥပဒေရေးရာနှင့်ဥပဒေပြုဆိုင်ရာကော်မတီဥက္ကဋ္ဌ H.E. Nasser Serayea Al Kaabiနှင့် မေ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင်Advisory Council ရုံးအဆောက်အဦ၌ လည်းကောင်းတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
ကာတာနိုင်ငံတွင် ဥပဒေမူကြမ်းကို Council of Minister ကရေးဆွဲကြောင်း၊ လွှတ်တော်သို့ ဥပဒေကြမ်းရောက်ရှိ ချိန်တွင် ဥပဒေရေးရာနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီက လေ့လာသုံးသပ် ကြောင်း၊ ထို့နောက် Advisory Council က အတည်ပြု ပြဋ္ဌာန်းကြောင်း ကာတာနိုင်ငံ ကော်မတီဥက္ကဋ္ဌ၏ ရှင်းလင်းပြောကြားမှုအပေါ် အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုကို ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment