စစ်တွေ ဧပြီ ၁
ဘူးသီးတောင်မြို့နယ်
တင်းမေကျေးရွာ၌ ကျေးရွာတာဝန်ခံတစ်ဦးမှာ ယနေ့ နံနက် ပိုင်းက ဒါးခုတ်ဒဏ်ရာများဖြင့်
၎င်း၏ နေအိမ်အတွင်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
တင်းမေကျေးရွာနေ
ကျေးရွာတာဝန်ခံတစ်ဦးဖြစ်သူ ဟာမစ်ဒူလ္လာ (၄၆) နှစ် ၏ နေအိမ်အတွင်းသို့ နံနက် ၁
နာရီ ၁၅ မိနစ်ခန့်တွင် မျက်နှာဖုံးစွပ်ထားသော မျိုးနွယ်တူ လူ ၇ ဦးခန့်က ၀င်ရောက်ပြီး
၎င်းနှင့် မိသားစုများအား တုတ်၊ ဒါးများဖြင့် ရိုက်နှက် လုံးထွေးသတ်ပုတ်ခဲ့သဖြင့် ဟာမစ်ဒူလ္လာမှာ
ဦးခေါင်းထိပ်ညိုမဲ ဒဏ်ရာတစ်ချက်၊ ၀ဲဘက် လည်ပင်းထိုးသွင်း ဒဏ်ရာတစ်ချက်၊ မေးအောက် ဒါးခုတ်
ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိပြီး သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ တင်းမေကျေးရွာတွင်
အကြမ်းဖက်သင်တန်းဖွင့်လှစ်ခဲ့မှုနှင့် ပတ်သက်၍ မတ် ၂၉ ရက်က ကျေးရွာသို့ သတင်းမီဒီယာများမှ
လာရောက်မေးမြန်းစဉ် ရှင်းလင်းဖြေကြားခဲ့သူဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး
နိုင်ရေး တောင်ဘဇာ နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment