Wednesday, April 5, 2017

မြောင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တည်းပညာပေးသင်တန်းဆင်း

မြောင် ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်  ကျေးလက်ဒေ သဖွံ့ဖြိုးရေး၊ တိုင်းဒေသကြီးရံပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ (G00d  Agricultural practices) နည်းပညာပေးသင်တန်းဆင်း ပွဲကို ဧပြီလ(၅)ရက် ၊နံနက်(၉)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင်ကျင်းပသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ဦးက ဆင်းပွဲ အဖွင့်အမှာစကား ပြောကြားရာ တွင် ``သင်တန်းသားများအနေဖြင့် မိမိတို့နယ်မြေ အသီးသီး ပြန်လည်ရောက်ရှိသည့်အခါတွင် ကျေးရွာပြည်သူများအား နည်းပညာဖြန့်ဖြူးမျှဝေပေးကြပါ ဒါမှသာပြည်သူများ အသိပညာရရှိကာ စိုက်ပျိုးမှုဖြစ်ထွန်းပြီးသီးနှံများ အထွက်တိုးရရှိ ပါမယ်´´ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးရဲမြင့်သိန်း သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများကိုယ်စားဦးအောင်ဝင်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဒေါ်မြင့်မြင့်ဦး၊ မြို့နယ်စီ/ခန့်ကော်မတီအဖွဲ့ဝင် စီမံကိန်းဦးစီးမှူး ဒေါ်သီတာခင်၊ မြို့နယ်စိုက်/ကြပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်သင်တန်းသူ/ သားများတက်ရောက်ခဲ့ပြီး သင်တန်း ကာလရက်သတ္တပတ်တစ်ပတ် ဖွင့်လှစ်ပို့ချသင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ကိုကို

No comments:

Post a Comment