မိုင်းယောင်း ဧပြီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်လွတ်ကျေးရွာ၌ ဧပြီ
၎ ရက်၊ ညနေပိုင်းက နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၀မ်လွတ်ကျေးရွာနေ ဦးနွဲ့ခမ်းကျောက်
နေအိမ်ရှိ ဆိုလာမီးနှင့်တွဲလျက် ဘက်ထရီ အပူလွန်ကဲရာမှ ညနေ ၃ နာရီခန့်က နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့်
မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁)စီး၊ တပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်
(၂၀) ဦးနှင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင်
မီးလုံးဝငြိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ပျဉ်ကာ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊
အခြားသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်
ဦးနွဲ့ခမ်းကျောက်အား မိုင်းယောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း
သိရသည်။
ခရိုင် ပြန်/ဆက်

No comments:
Post a Comment