ဒလ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး
တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ သပြေကုန်းကျေးရွာအတွင်းရှိ ကွင်းအမှတ်(၁၈၅)၊ (၁၈၇)နှင့်
(၁၈၈) အနီး၌ ရှိသော အလံငူချောင်းလက်တပ် (ခေါ်)
ညောင်ကားယားချောင်းသည် တိမ်ကောလျက်ရှိပြီး ရေစီးရေလာ မကောင်းခြင်းတို့ကြောင့် နှစ်စဉ်မိုးရာသီရောက်တိုင် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုနှင့်
ရေနစ်မြုတ်ခြင်းတို့ကြောင့် မိုးစပါးစိုက်ပျိုးမှုများ မအောင်မြင်ဘဲ နှစ်စဉ် ဆန်စပါးများ
အထွက်နှုန်း လျော့နည်းကျဆင်းခြင်းတို့ကို တောင်သူဦးကြီးများ ကြုံတွေ့ခံစားလျက်ရှိသောကြောင့်
မကြာမီ မိုးသီရာသို့ ရောက်ရှိလာမည်ဖြစ်သောကြောင့် ရေကြီးရေနစ်မြုတ်မှုကို ထပ်မံကြုံတွေ့ခံစားရနိုင်သည့်
လယ်သမား တောင်သူဦးကြီး များမှ စိုးရိမ်လျက်ရှိသောကြောင့် တိမ်းကောနေသည့် ချောင်းအားပြန်လည်
တူးဖော်ပေးပါရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည်
ဆန်၊စပါးကို အဓိကအားထား စိုက်ပျိုးသော နိုင်ငံဖြစ်ပေသည်။ ထို့အတူ လယ်သမား တောင်သူဦးကြီးများစွာ
တို့သည် မိမိတို့လယ်ယာမြေများကို ဘိုးစဉ်ဘောင်ဆက် မှီခိုလုပ်ကိုင် စားသောက်နေထိုင်ကြပြီး
လယ်ယာ ကျွဲ၊ နွားများဖြင့် ဆန်စပါး စိုက်ပျိုးမှုရာတွင် တိုင်းပြည်အတွက် အဓိကအခန်းကဏ္ဍ၌
ပါဝင်ပါသည်။
မိုးစပါးစိုက်ပျိုးရာတွင်
လယ်ယာမြေများ ရေနစ်မြုပ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးလျက်ရှိသော တောင်သူ ဦးကြီးများက
“ဒီချောင်းက တိမ်းကောနေတာ (၄)နှစ် လောက်ရှိပါပြီ၊
ချောင်းအနီးမှာ လယ်သမား (၁၀၀) ကျော် ခန့်ရှိကာ သူတို့အားလုံး မိမိလယ်တွေ ရေမနစ်မြုပ်အောင်
ချောင်းကို အားပြုပြီး ရေလွှတ်နေကြရတာမို့ ယခုအခါ တိမ်းကောပြီး တူးဖော်မှုလည်မရှိခြင်းတို့ကြောင့်
မြောင်းကျဉ်းလေးဖြစ်နေပြီး ချောင်းကရေမစီးဘဲ ရေသေလို ဖြစ်နေတာကြောင့် ယခုနှစ် မိုးရာသီအချိန်မှီ
တိမ်းကောနေသော အလံငူချောင်းလက်တပ်(ခေါ်) ညောင်းကားယား ချောင်းကို အမြန်ဆုံးတူးဖော်ဆောင်ရွက်ပေးရင်
ရေစီးရေလာကောင်းမွန်ပြီး နှစ်စဉ်မိုးရာသီအတွင်း လယ်ယာများ ရေနစ်မြုပ်ဆုံးရှုံးမှုမရှိ
ပြန်လည်စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဌာနတွေက တိမ်းကောနေသည့်
အလံငူချောင်းလက်တပ်(ခေါ်) ညောင်ကားယားချောင်းကို ပြန်လည်တူးဖော်ပေးဖို့ မျှော်လင့်ပါတယ်
”
ဟု တောင်သူ ဦးကြီးများက ပြောကြားခဲ့သည်။
အဆိုပါ အလံငူချောင်းလက်တပ်(ခေါ်)ညောင်ကားယားချောင်းသည်
အရှည်ပေ (၅၀၀၀)ကျော်ခန့်ရှိပြီး လယ်ဧက(၄၀၀) ကျော် ရှိသည့် တောင်သူဦးကြီးများမှ အားပြုရေလွှတ်နေကြရသည့်
ရိုးချောင်းတစ်ခုဖြစ်ကြောင်း၊ ပြန်လည်တူးဖော်ဆောင်ရွက် ပေးနိုင်ခြင်း မရှိခြင်းကြောင်း၊
ယခုအခါ မြောင်းကျဉ်လေးဖြစ်နေခြင်းတို့ကြောင့် နှစ်စဉ်မိုးရာသီတွင် လယ်ယာလုပ်ကိုင်နေကြသော
တောင်သူဦးကြီးများစွာ လယ်ယာမြေများအတွင်း ရေကြီးနစ်မြုပ်မှု တို့ကြောင့် မိုးစပါးစိုက်ပျိုးမှုတွင် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခံစား
နေရကြောင်း၊ ဒလမြို့နယ်၌ ဆည်ရေ မရှိခြင်းကြောင့် နွေစပါးသီးနှံကို မစိုက်ပျိုးနိုင်ဘဲ၊
မိုးစပါးသီးနှံသာ စိုက်ပျိုးနေရကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)
No comments:
Post a Comment