Sunday, April 30, 2017

ရုပ်သံလွှင့်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသူ ပုဂ္ဂလိကကုမ္ပဏီငါးခုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန် ရှိသူများ ညှိနှိုင်းဆွေးနွေး


ရန်ကုန် ဧပြီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်သံလွှင့် လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ရရှိသူ ပုဂ္ဂလိကကုမ္ပဏီငါးခုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိ သူများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် အဆိုပါကုမ္ပဏီငါးခုမှ တာဝန်ရှိသူများသည် ရုပ်သံလွှင့်မှု နည်းပညာပိုင်းဆိုင်ရာများ၊ မူဝါဒပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ရုပ်သံလွှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ထုတ်လွှင့်နိုင်ရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ကြသည်။
အဆိုပါလုပ်ကိုင်ခွင့်ရရှိသူ ကုမ္ပဏီငါးခုမှာ Mizzima Media Co., Ltd.၊ Young Investment Group Co.,Ltd.၊ Kaung Myanmar Aung Co., Ltd.၊ Fortune International Ltd.၊ DVB Multi Media Group Co., Ltd. တို့ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Multi Channel Playout System တွင် ရုပ်သံလွှင့်လုပ်ငန်း Digital Free- to- Air လုပ်ကိုင်ခွင့်ရရှိသူ Content Provider များအဖြစ် ဧပြီ ၁၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)

No comments:

Post a Comment