နေပြည်တော်၊
မတ် ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် The Global
Fund to fight AIDS, Tuberculosis and Malaria ၏ အမှုဆောင်ဒါရိုက်တာ Mr. Mark Dybul
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည့် The Global Fund အဖွဲ့အစည်းမှ
ပေးအပ်သော ရန်ပုံငွေများနှင့် အစီအစဉ်များကိစ္စ၊ The Global Fund နှင့်
မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်ကိစ္စ၊ ကျန်းမာရေး ကဏ္ဍကို
မြှင့်တင်သွားခြင်းဖြင့် နိုင်ငံတစ်နိုင်ငံလုံး၏ အမျိုးသားပြန်လည် သင့်မြတ်ရေး
ဖြစ်စဉ်ကို အထောက်အကူပြုရန် ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


No comments:
Post a Comment