Tuesday, March 7, 2017

နွေရာသီကျောင်းပိတ်ရက် ကလေးသူငယ်များ အားကစားပေါင်းစုံသင်တန်းဖွင့်

ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြည်သူ့အားကစားကွင်းတွင်  နွေရာသီကျောင်းပတ်ရက် ကလေးသူငယ်များအားကစားပေါင်းစုံ သင်တန်းဖွင့်လှစ်လျှက်ရှိသည်။

အဆိုပါအားကစားသင်တန်းတွင် ကျောက်ဆည်မြို့ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည်။ သင်တန်းတွင် ဘော်လုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ကာရာတေးဒို၊ ပြေးခုန်ပစ်၊ ခရစ်ကက်၊ အေရိုးဗစ်၊ နည်းပြဆရာများနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။ အားကစားသင်တန်းဖွင့်လှစ်ရခြင်းသည် မြန်မာအားကစားကမ္ဘာကို လွှမ်းရမည်ဆောင်ပုဒ်နှင့်အညီ ကလေးသူငယ်များ စိတ်ဓါတ်မြင့်မားရေး၊  ခန္ခာကိုယ်သန်စွမ်းပြီး ကျန်းမာကြံ့ခိုင်ရေးနှင့်အညီ သင်ကြားပို့ချလျှက်ရှိကြောင်း သိရသည်။

ခင်မောင်လွင် 

No comments:

Post a Comment