ရန်ကုန် မတ် ၎
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမ အစည်းအဝေး ဒုတိယနေ့ကို
ယနေ့နံနက် (၈) နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ၀ိဇယမင်္ဂလာ ဓမ္မသဘင်၌
ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ
ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို၊
သာသနာရေးဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက် တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏိကာဘိဝံသ က ဆောင်ရွက်တော်မူသည်။
အစည်းအဝေးတွင် သတ္တမအကြိမ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက်
ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင် ဆရာတော်ကြီးများက
ဝေဖန်ဆွေးနွေးတော်မူကြပြီး ၀ိနိစ္ဆယရေးရာ၊
သာသနာရေးရာ၊ ပညာရေးရာ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ဆက်လက်၍ သတ္တမအကြိမ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ) ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊
ဝေဖန်ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်း လျှောက်ထားတော်မူကြပြီး
ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က
အတည်ပြုချက်ရယူသည်။
ယင်းနောက် အစည်းအဝေးသို့
ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီး
သာဓုသုံးကြိမ်ခေါ်ဆိုကာ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမအစည်းအဝေးကို
မွန်းလွဲပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
ယနေ့အစည်းအဝေးသို့
ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများအား အလှူရှင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံ ဝေဠုဝန်ကျောင်းတိုက်
ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတနှင့် တပည့် ဒါယကာ ဒါယိကာမများက ၀ီသတိမအကြိမ်မြောက်
တစ်နေ့တာ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment