နေပြည်တော် ဖေဖော်ဝါရီ ၁
ဗဟိုဝန်ထမ်းတက္ကသိုလ်များ၏
တက္ကသိုလ်ပညာရပ်အဖွဲ့(Board of Studies)၊ တက္ကသိုလ်အကြံပေးအဖွဲ့ (Advisory Group) များနှင့်
တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အစည်းအဝေး
ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက တက်ရောက်အမှာစကား
ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအဖွဲ့၏ မူဝါဒ၊ ရည်မှန်းချက် လုပ်ငန်းစဉ်များ အပေါ်မူတည်ပြီး
ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်ရှိစေရေးနှင့် အရည်အသွေးပြည့်ဝသော ပြည်သူ့ဝန်ထမ်းကောင်းများ
မွေးထုတ်ပေး နိုင်ရေး အစိုးရဝန်ထမ်းများသာမက ပုဂ္ဂလိကဝန်ထမ်းများအား ဗဟိုဝန်ထမ်းတက္ကသိုလ်
အသီးသီးတွင် သင်ကြားလျက် ရှိသော မူလပညာရပ်များအနက် စစ်ပညာသင်ကြားခြင်း ချန်လှပ်ပြီး
Semi-regimental Training Approach မှ Competency and Academic Approach သို့ပြောင်းလဲ၍ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services
Academy- CSA)ကို ဖွင့်လှစ်နိုင် ခဲ့ပါကြောင်း ၂၀၁၇ ခုနှစ်တွင် အရာထမ်းလောင်းများအတွက်
ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma) သင်တန်းစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်
အလယ်အလတ်အဆင့် အရာထမ်းများအတွက် အဆင့်မြင့် ဒီပလိုမာ (Advanced Diploma)၊ ၂၀၁၉ ခုနှစ်တွင်
အဆင့်မြင့်ဝန်ထမ်းများအတွက် Master ဘွဲ့သင်တန်းများ ဆက်လက် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊
ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်း အကယ်ဒမီများတွင် ဖွင့်လှစ်သော သင်တန်းများနှင့်
နောင်ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများ၌ သင်ကြားမည့် ဘာသာရပ်၊ သင်တန်းအချိန် ခွဲဝေသတ်မှတ်မှုများနှင့်
အခြားပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များက
လိုအပ်သည့် အကြံဉာဏ်များပေးနိုင်ရေးနှင့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၌ဖွင့်လှစ်မည့် သင်တန်းများအတွက်
ပိုမို ကောင်းမွန်သည့် အစီအစဉ်များ ချမှတ်ဆွေးနွေးခြင်းဖြင့် အောင်မြင်မှု ရလဒ်ကောင်းများ
ပိုမိုရရှိစေရေး ပြောကြားသည်။
ယင်းညှိနှိုင်းအစည်းအဝေးသို့
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာ
ဦးပွား၊ ဦးစောဗယ်လင်တိုင်း၊ တက္ကသိုလ်ပညာရပ်အဖွဲ့ အဖွဲ့ဝင်များ၊ တက္ကသိုလ်အကြံပေးအဖွဲ့အဖွဲ့ဝင်များနှင့်
ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့/ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊
ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊
ပါမောက္ခ၊ တွဲဘက်ပါမောက္ခများ တက်ရောက်ကြ သည်။
(သတင်းစဉ်)

No comments:
Post a Comment