Saturday, February 25, 2017

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ


ရန်ကုန်-ဖေဖော်ဝါရီ ၂၄

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်း အဝေးခန်းမ၌ကျင်းပသည်။


အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်  က “ယခု အစည်းအဝေးသည် မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ရုပ်ရှင်ကားကြီး ရိုက်ကူးရန်ဇာတ်လမ်း သုံးပုဒ်ကို ပညာရှင်များက ရွေးချယ်ပေးကြရန်နှင့်  ကျန်ဇာတ်လမ်းများကို ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ဆက်လက် ရိုက်ကူးသွားရန် တက်ရောက်လာကြသူများက ၀ိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း” ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော စာပေပညာရှင်ကြီးများ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့မှ တာဝန်ရှိသူများက ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်များ ရွေးချယ်ရေး ရုပ်ရှင်ကားကြီးများနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ရိုက်ကူးရေးတို့ကို ဆွေးနွေးညှိနှိုင်းကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသည်။


ယခုအစည်းအဝေးတွင် မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်အတွက် ပေးပို့ လာသော ဇာတ်လမ်း ၄၅ ပုဒ်အနက်   ဇကာတင် ၁၁ ပုဒ်ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ဇာတ်လမ်း ၁၁ ပုဒ်ထဲမှ မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ပွဲတော်တွင်ပြသရန် ရုပ်ရှင်ကားကြီး  သုံးကား အတွက်   ဇာတ်လမ်း သုံးပုဒ်ကို ရွေးချယ်ထားပြီး ကျန်ဇာတ်လမ်းများကို ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ရိုက်ကူးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။(သတင်းစဉ်)

No comments:

Post a Comment