Thursday, February 2, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟားဗတ်ဒ် တက္ကသိုလ်အုပ်ချုပ်မှုပညာဆိုင်ရာ ကနေဒီကျောင်း၊ အက်ရှ်စင်တာနှင့် မြန်မာနိုင်ငံ အခြေစိုက် ပရော်စီမီတီဒီဇိုင်းအဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Mr. Thomas J. Vallely ဦးဆောင် သည့် ဟားဗတ်ဒ်တက္ကသိုလ် အုပ်ချုပ်မှုပညာဆိုင်ရာ ကနေဒီကျောင်း၊ အက်ရှ်စင်တာနှင့် မြန်မာနိုင်ငံအခြေစိုက် ပရော်စီမီတီ ဒီဇိုင်းအဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌လက်ခံ တွေ့ဆုံ သည်။

 တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံ လက်ရှိ လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်း ကြောင်းပေါ်တွင် တည်တည်ငြိမ်ငြိမ်ရှိရေး၊  လက်နက်ကိုင်ပဋိပက္ခများ လုံးဝချုပ်ငြိမ်းရေးတို့အား မဖြစ်မနေ လုပ်ဆောင် ရမည်ဖြစ် ကြောင်း၊ အစိုးရပြောင်းလဲ သွားသော်လည်း တပ်မတော်၏ရပ်တည်ချက် ၊ လုပ်ဆောင် ချက်များ မပြောင်းလဲကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံတော် အစိုးရနှင့်ပူးပေါင်းကူညီ လုပ်ဆောင် နေကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် Mr. Thomas J. Vallely  က မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သဘော ထား အမြင်များ၊ အင်ဒိုနီးရှားနိုင်ငံတွင် OIC အစည်းအဝေး ပြုလုပ်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ အနောက် ပိုင်း ရခိုင်ပြည်နယ် အရေးကိစ္စများအပေါ် နိုင်ငံတကာနှင့်ယှဉ်၍ လေ့လာသုံးသပ်ချက်များကို   အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။         

(သတင်းစဉ်)

No comments:

Post a Comment