Thursday, February 2, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထအကြိမ်ပုံမှန် အစည်းအဝေး ဒုတိယနေ့ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် စတုတ္ထအကြိမ်ပုံမှန် အစည်းအဝေး ဒုတိယ နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက် အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့ပေါ် (၃)ရက်ကွက်တွင် နေထိုင်ပြီး မီတာဘောက် မတပ်ဆင်နိုင်သော ရွှေ့ပြောင်း တောင်ယာလုပ်ငန်းနှင့် လက်လုပ်လက်စား မိသားစုများတွက် ဆိုလာမီးတပ်ဆင်ပေးရန် အစီအစဉ် ရှိ / မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က နိုင်ငံတော် အနေဖြင့် ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးစီမံကိန်းအား ကမ္ဘာ့ဘဏ် နှင့်ပူးပေါင်း၍ အမျိုးသား လျှပ်စစ်မီးလင်းရေးစီမံကိန်းကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်း ပြင်ပစနစ်ဖြင့်(Off-Grid) ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဟာဓာတ်အားလိုင်း (On-Grid) ဖြင့်လျှပ်စစ် မီးလင်း ရေးလုပ်ငန်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ NEP စီမံကိန်းအရ ကျေးရွာ များရွေးချယ်ရာတွင် မဟာဓာတ်အားလိုင်းမှ ၁၀ မိုင်ကျော် ကွာဝေးပြီး ပြည်သူ့မှ ဘဏ္ဍာ ငွေအချိုးကျ ထည့်ဝင်နိုင်သော ကျေးရွာများအား အကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ပါ ကြောင်း၊ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် NEP စီမံကိန်းအရ ချင်းပြည် နယ်အတွင်း တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝနှင့် တွန်းဇံ မြို့နယ်များရှိ ကျေးရွာ (၂၉၀)၊ အိမ်ခြေပေါင်း (၁၁၂၉၁)အိမ်အား ရန်ပုံငွေကျပ် (၄၄၁၁ ဒသမ ၀၆၁) သန်းဖြင့် ဆိုလာစနစ် မီးလင်းရေးအကောင်အထည်ဖော်  ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများအတွက် မီးလင်းရေးလုပ်ငန်းများကိုသာ ဆောင်ရွက်ရခြင်း ဖြစ်ပါ၍ မြို့ပေါ်ရပ်ကွက်များအတွက် ဆိုလာမီးတပ်ဆင်ပေးနိုင်ခြင်းမရှိပါကြောင်းဖြေကြား သည်။
ချင်းပြည်နယ် မဲဆန္ဒနယ် (၁၂)မှ ဦးမျိုးထပ်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်ရှိ နိုင်ငံတော်မှ ဆောက်လုပ်ပေးခြင်းမရှိသေးသည့် ဌာနဆိုင်ရာ ရုံးများအား အမြန်ဆုံး ဆောက်လုပ်ပေးခြင်း၊ ၀န်ထမ်းအင်အား ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် ပီချောင်းမှ ရေသွယ်ယူပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က ဆမီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(၁)ရုံး၊ မြို့အုပ်ချုပ်ရေးမှူးနေအိမ် (၂) ခန်းတွဲ (၁)လုံး၊၀န်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၁)လုံး၊ အုတ်ညှပ်အဆောက်အဦ (၃)လုံး ဆောက်လုပ်ပြီးဖြစ်ပါကြောင်း၊ ရဲစခန်းတွင် အချုပ်ခန်းပါ ရဲစခန်းရုံး(၁)လုံး၊ အိမ်ရာ (၆) ခန်းတွဲ(၁)လုံး ဆောက်လုပ်ပြီးစီးပြီး ဖြစ်ကြောင်း၊ မီးသတ်စခန်းအတွက် အဆောက်အဦ (၁)လုံး ဆောက်လုပ်ပြီး ဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအသစ်အရ ဆမီးမြို့ရုံးသည် ပလက်ဝမြို့နယ်ဦးစီးမှူး ရုံး၏ ရှေ့တန်းရုံးအဖြစ် ထုတ်နှုတ်အင်အားဖြင့်သာ ရုံးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေလုံလောက်မှု မရှိပါသဖြင့် ရုံးအဆောက်အဦအသစ် ဆောက်လုပ်ပေးနိုင်ခြင်းမရှိသေးပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆမီးမြို့ ရုံးဆောက်လုပ်မြေနေရာ ရရှိပြီးဖြစ်ကြောင်း၊ လမ်းဦးစီး ဌာနရုံး၊ အင်ဂျင်နီယာနေအိမ်၊ ၀န်ထမ်းနေအိမ်ဆောက် လုပ်ပြီးဖြစ်ကြောင်း၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးကိုဆောက် လုပ်ပြီးစီးပြီးဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် လိုအပ်သော ရုံးအဆောက်အဦ (၁)လုံးနှင့် ၀န်ထမ်းအိမ်ရာ (၂)ခန်းတွဲ (၁)လုံး ဆောက်လုပ်ပြီး စီးပြီးဖြစ် ကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မြို့ဦးစီးမှူးရုံး၊ မြို့ဦးစီးမှူးနေအိမ်၊ ၀န်ထမ်း (၂)ခန်းတွဲ နေအိမ် (၁) လုံး ဆောက်လုပ်ပြီးစီးပြီးဖြစ်ကြောင်း၊ ဆီမီးအခြေခံ ပညာအထက်တန်းကျောင်းဆောင်ဆောက်လုပ်ပြီးစီး ပြီးဖြစ်ကြောင်း၊ ဆမီးမြို့ လျှပ်စစ် မှူးရုံး၊ ၀န်ထမ်းအိမ်ရာ၊ ဒီဇယ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ ဆမီးမြို့စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် ၀န်ထမ်းအိမ်ရာကို ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ မြို့နေပြည် သူများ သောက်သုံးရေးလုံလောက်စွာ ရရှိရေးအတွက် ပီချောင်းမှ ရေသွယ် ယူပေးနိုင်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွဲဝေရရှိမှုအရ လတ်တလော ဆောင်ရွက်ပေးရန် မရှိသေးပါကြောင်း ဖြေကြားသည်။
အလားတူ ဒုတိယ၀န်ကြီး ဦးလှကျော်က မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ  ဦးခင်ဇော်ဦး၏ စီမံကိန်းဆောင်ရွက်ရန်မြေနေရာအတွက် နစ်နာသည့် လယ်သမားများ အား လျော်ကြေးပေးရန်မေးခွန်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၇) မှ ဒေါ်သန်းသန်းအေး၏ ပေ၆၀တံတား ပြုပြင်တည်ဆောက် ပေးရန်မေးခွန်း ၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်း၏ မြောင်းလက်တံအုတ်ရိုး ကာရန် ပေးရန်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေးတို့၏ ပင်းတယမြို့နယ် ရေရရှိရေး ဆောင်ရွက်ပေးရန် မေးခွန်းတို့နှင့် စပ်လျဉ်း၍ပြန်လည်ရှင်းလင်းဖြေကြား သည်။
ထို့ပြင် အမျိုးသားလွှတ်တော်က အတည်ပြု၍ ပေးပို့ထားသော ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်က ရုပ်သိမ်းပေးရန် သဘောမတူကြောင်း ပြန်လည်ပေးပို့လားခြင်းကို ပြည်ထောင် စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက အဆိုတင်သွင်းရာလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။ (သတင်းစဉ်)


No comments:

Post a Comment