Friday, February 3, 2017

မိတ္ထီလာခရိုင်၌ ရာသီမရွေး စိုက်ပျိုးရေ အလုံအလောက်ရရှိစေရန် စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးလျက်ရှိ


မိတ္ထီလာ   ဖေဖော်ဝါရီ    ၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ရာသီမရွေးစိုက်ပျိုးရေ အလုံအလောက်ရရှိစေရန် ၂၀၁၆-၂၀၁၇ခုနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ကြီးကြပ်၍ ရတနာရွှေလက်ကုမ္ပဏီမှ တာဝန်ယူပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စက်ရေတွင်းများကို တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အေးမှ ပြောကြားခဲ့သည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ကြီးကြပ်ပြီး ရတနာရွှေလက်ကုမ္ပဏီမှ တာဝန်ယူ၍ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် စက်ရေတွင်း (၂၀)တွင်း၊ မလှိုင်မြို့နယ်တွင်  (၂၀)တွင်း၊ သာစည်မြို့နယ်တွင် (၅၅)တွင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် (၅၀)တွင်းစုစုပေါင်း (၁၄၅)တွင်းကို တင်ဒါစနစ်ဖြင့် တင်ဒါခေါ်ယူပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စက်ရေတွင်းများကို တူးဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းစက်ရေတွင်းများကို၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အထိ ခရိုင်အတွင်း၌ စက်ရေတွင်းပေါင်း (၂၈၂၇) တွင်း တူးဖော်ဆောင်ရွက်ပေးပြီး ဖြစ်သည်။
အဆိုပါစက်ရေတွင်းများ တူးဖော်ပြီးစီးပါက စပါး၊နှမ်း၊ကြက်သွန်း၊ဝါ၊ငရုတ်၊ပဲအမျိုးမျိုးသီးနှံများအား ဖြည့်စွက်ရေဖြင့် အသုံးပြုကာ စိုက်ဧကတိုးချဲ့လာနိုင်၍ အထွက်နှုန်းတိုးတက်လာနိုင်ကြောင်း၊ ဒေသခံတောင်သူများ ဝင်ငွေ တိုးတက်လာပြီး စီးပွားရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်) 

No comments:

Post a Comment