စစ်ကိုင်းတိုင်းဒေသကြီး
ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ အဝေးမှလာရောက် တာဝန်ထမ်းဆောင်ကြမည့်
ဝန်ထမ်းများ အတွက် အဆင်ပြေစွာနေထိုင်နိုင်ရန် ရှစ်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ
ဆောက်လုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်ထိ ၂၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေး ဦးစီးဌာန၊မြို့နယ်ခုတင် ၁၀၀ ဆံ့ဆေးရုံတွင်
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ကျပ် ၇၄၇ သန်းဖြင့် Zillion Prize ကုမ္ပဏီက တာဝန်ယူတည် ဆောက်လျက်ရှိပြီး ယင်းအဆောက်အဦးကို ဇန်နဝါရီ ၇ ရက်ကစတင်ဆောက်ခဲ့ရာယနေ့ထိ
၂၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါအဆောက်အဦးသည်
ရှစ်ခန်းတွဲလေး ထပ်ဖြစ်ပြီး အလျား ၁၈၄ ပေ၊အနံ ၄၃ ပေ အာရ်စီအမျိုးအစားဖြစ်ကာယခုနှစ်
နိုဝင်ဘာလကုန် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ကုမ္ပဏီတာ ဝန်ခံအင်ဂျင်နီယာထံမှ
သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
No comments:
Post a Comment