မောင်တော ဖေဖော်ဝါရီ ၁
တူရကီနိုင်ငံအစိုးရနှင့်
တူရကီပြည်သူများက မောင်တောဒေသအတွက် လှူဒါန်းပေးအပ်ခဲ့သည့် ဆန်အိတ်များကို မောင်တောဒေသရှိ
နှစ်ဖက်လူ့ အသိုက်အ၀န်းများထံ စနစ်တကျ စုပုံဖြန့်ဖြူးထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်
ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ တူရကီနိုင်ငံမှ ဒုတိယအကြိမ်လှူဒါန်း သည့် ဆန်အိတ်
၃၇၅ အိတ် ရောက်ရှိလာရာ မောင်တောမြို့ မြို့မ အနောက်ရပ်ကွက်ရှိ ပုဂ္ဂလိကအငှားဂိုဒေါင်၌
လုံခြုံစွာစုပုံထားရှိပြီး မောင်တော ဒေသရှိ ကျေးရွာများသို့ ဆက်လက်စုပုံဖြန့်ဖြူးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
မောင်တောမြို့နယ်
ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖြူလှက `` မောင်တောဒေသမှာရှိတဲ့ နှစ်ဖက်အသိုက်အ၀န်းတွေအတွက်
တူရကီနိုင်ငံက ပထမအကြိမ်အဖြစ် ဆန်အိတ် ၃၉၉၀ လှူဒါန်းပါတယ်၊ အဲဒီဆန်အိတ်တွေကို ရခိုင်ပြည်နယ်အစိုးရ
ကတဆင့် စစ်တွေ - ဘူးသီးတောင် - မောင်တော လမ်းကြောင်းအတိုင်း ရေကြောင်းလမ်း၊ ကုန်းလမ်း
နဲ့သယ်ယူရပါတယ်၊ ရောက်လာတဲ့ဆန်အိတ်တွေကို ဒီမောင်တောက ဂိုဒေါင်မှာပဲ လုံလုံခြုံခြုံစုပုံပြီး
မောင်တောဒေသမှာရှိတဲ့ နှစ်ဖက် လူ့အသိုက်အ၀န်းက ကျေးရွာတွေကို စနစ်တကျဖြန့်ဖြူးပေးနေပါတယ်၊
ဒီနေ့ အထိ ဆန်အိတ် ၃၇၈၈ အိတ်ဖြန့်ဖြူး ပေးပြီး သွားပါပြီ ´´ ဟု ဆိုသည်။
တူရကီနိုင်ငံအနေဖြင့်
မောင်တောဒေသအတွက် ဒုတိယအကြိမ်ဆန်အိတ်များ ဆက်လက်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
`` မနေ့က တူရကီနိုင်ငံက
ဒုတိယအကြိမ်လှူဒါန်းတဲ့ ဆန်အိတ် ၆၀၀ မောင်တော မြို့ကို ရောက်ပါတယ်၊ ဒီနေ့လည်း ဆန်အိတ်
၃၇၅ အိတ်ထပ်မံရောက်ရှိပါတယ်၊ ခရိုင်အုပ် ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့အညီ စနစ်တကျစုပုံပြီး
နှစ်ဖက် လူ့အသိုက်အ၀န်းတွေကို ဆက်လက်ဖြန့်ဖြူးပေး သွားမှာဖြစ်ပါတယ်၊ ဒီနေ့ရောက် မနက်ဖြန်ပို့စနစ်နဲ့
သွက်သွက် လက်လက် မြန်မြန်ဆန်ဆန် ဖြန့်ဖြူးပေးနေပါတယ် ´´ ဟု အဆိုပါ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး
က ဆက်လက် ပြောကြားခဲ့သည်။
မင်းမင်းဇော် (သတင်းစဉ်)
No comments:
Post a Comment