Wednesday, February 1, 2017

ကလေးများပျော်ရွှင်ဖွယ်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

စစ်တွေ  ဖေဖေါ်ဝါရီ ၁
နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးများပျော်ရွှင်ဖွယ်ရာ ဥာဏစွမ်းရည် ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်တွေခရိုင်ရုံး Community Center တွင် ဖေဖေါ်ဝါရီလ ၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား/သူလေးများသည် ကျောင်းစာများတွင် အချိန်ပြည့်အာရုဏ်စိုက်ထားရသည့်အတွက် စိတ်များနွမ်းလျမှုကို ပယ်ပျောက်ပြီး ပျော်ရွှင်နိုင်စေရန်နှင့် ကလေးများအားစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ပျော်ရွှင်ဖွယ်ရာ ကစားနည်းများနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်တွေခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုကပြောကြားသည်။ ယနေ့တွင် ကလေးများအား စာကြည့်တိုက်၏ ဆောင်ပုဒ်များအားဆက်နည်း၊ ဗဟုသုတရဖွယ်ရာဆောင်ပုဒ်များအားဆွဲချိတ်နည်း၊ စာဖတ်စွမ်းရည်ပြိုင်နည်း၊ ရောင်စုံဆေးခြယ်သနည်း၊ ရာဘာဗူးဘောင်းလေးများအား ပြိုင်တူတွန်း၍ခြင်းထဲထည့်နည်းနှင့် မုန့်စားပြိုင်နည်းများအား ကျင်းပခဲ့သည်။
၎င်းပြိုင်ပွဲများတွင် ကလေးငယ်များကစိတ်ပါဝင်စားစွာဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား/သူများအား စစ်တွေခရိုင်ဦးစီးမှူးက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်တိုင်းရင်းသား လူမျိုးများရိုးရာဓလေ့ပြခန်းငယ်နှင့် ကလေးစာဖတ်ခန်းအား ဖွင့်လှစ်ထားရာ ကလေးငယ်များလာရောက် လေ့လာဖတ်ရှု့ လျက်ရှိကြောင်း သိရှိသည်။

စစ်တွေ (ပြန်/ဆက်)

No comments:

Post a Comment