Wednesday, February 1, 2017

(၂၂) ကြိမ်မြောက် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲကျင်းပ

ရမည်းသင်း              ဖေဖော်ဝါရီ       
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့သာသနဂုဏ်ရောင်ဓမ္မ ဗိမာန်တော်တွင် သြ၀ါဒါစရိယ ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၂၂)ကြိမ်မြောက် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟ စာမေးပွဲကို ဖေဖော်ဝါရီ ၁ ရက်မွန်လွဲ ၁၂ နာရီကကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါပရိယတ္တိသာသနာ နုဂ္ဂဟ စာမေးပွဲကို ရမည်းသင်းမြို့နယ်အတွင်း မုဥ္ဏလိန္ဒာ စာသင်တိုက်၊ ရန်အောင်မင်းကျောင်းစာသင်တိုက်၊ ဓမ္မနာဒစာသင်တိုက်၊ ဗောဓိကုန်းစာသင်တိုက်၊ မြမှန်ရတနာစာသင်တိုက်၊ ရန်အောင်မြင်စာသင်တိုက်၊ ဂန္ထဓူရစာသင်တိုက်၊ ရွှေပြည်သာမြောက်ကျောင်းတို့မှ သံဃာတော်များနှင့် လှမတိုဠ်သီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးများဖြေဆိုရာ ပထမကြီးတန်း(၃၆)ပါး၊ ပထမလတ်တန်း(၄၃)ပါး၊ ပထမငယ်တန်း(၆၆)ပါး၊ အခြေပြုမူလတန်း(၄၆)ပါး၊ အခြေပြု ပထမအဆင့်(၄၂)ပါး၊ အခြေပြု ဒုတိယအဆင့်(၅၂)ပါးနှင့်အခြေခံအဆင့်(၈၁)ပါး စုစုပေါင်း(၃၆၆)ပါးဖြေဆိုခဲ့ကြောင်း ရမည်းသင်းမြို့ စာဖြေဌာန ကြီးကြပ်ရေးစာစစ်အဖွဲ့ ဆရာတော်ကြီးများထံမှ သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း ပရိယတ္တိ သာသနာ နုဂ္ဂဟစာမေးပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်နေ့ထိနေစဉ် မွန်လွဲ ၁၂ နာရီမှ ညနေ၃ နာရီခွဲထိဖြေဆိုသွားမည်ဖြစ်ကြောင်း သတင်းရရိသည်။

No comments:

Post a Comment