Monday, January 30, 2017

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးသင်တန်း UN Peacekeeping(Platoon Size) Contingent Training Course ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


နေပြည်တော်၊ ဇန်န၀ါရီ- ၃၀
မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် အနေဖြင့် ဆောင်ရွက်သော ဒုတိယအကြိမ် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်း UN Peacekeeping(Platoon Size) Contingent Training Course ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပည်။

အခမ်းနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာ့တပ်မတော် အနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတာဝန်များတွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ တပ်ဖွဲ့ဝင်များစေလွှတ်တာဝန်ထမ်းဆောင်မှု အခြေအနေများ၊ ၂၀၁၅ ခုနှစ် သြဂုတ်လမှစတင်၍ တောင်ဆူဒန်နှင့် လိုက်ဗေးရီးယားနိုင်ငံများသို့ အရာရှိများ စေလွှတ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ပြန်လည်ပါဝင် ထမ်းဆောင်နေသည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ်တာဝန် ထမ်းဆောင် နိုင်ရေး အတွက် စပိန်၊ နော်ဝေ၊ သြစတြေးလျ၊ ယူကရိန်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများ သို့ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများ တက်ရောက်စေမှု အခြေ အနေများ၊ နိုင်ငံတကာငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းများ၌ ကုလသမဂ္ဂ၏ ဦးဆောင်မှုနှင့် အတူ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် Contigent Troop စေလွှတ်နိုင်ရေး မျှော်မှန်းလေ့ကျင့်ပေးသည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသား အရာရှိ၊ စစ်သည်များ အနေဖြင့် သင်တန်းမှ ပို့ချလေ့ကျင့်ပေးမှုများကို စိတ်ဝင်တစားနှင့် တတ်ကျွမ်း နားလည်အောင် လေ့လာသင် ယူသွားကြရန် လိုအပ်မှု အခြေအနေများအား မှာကြားသည်။
ထို့နောက် အိန္ဒိယသံအမတ်ကြီးက အမှာစကားပြောကြားပြီး အိန္ဒိယနိုင်ငံ Centre For United Nations Peacekeeping (CUNPK) မှ နည်းပြတစ်ဦးက အိန္ဒိယ နိုင်ငံ၏ UN Peacekeeping Operations တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေ များကို  ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသူများ၊ CUNPK မှ နည်းပြအရာရှိများ၊ သင်တန်းသားအရာရှိ၊ စစ်သည်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment