Friday, January 27, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဂျပန်နိုင်ငံ Japan Chamber of Commerce and Industry (JCCI)၏ ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ Japan Chamber of Commerce and Industry (JCCI)၏ ဥက္ကဋ္ဌ မစ္စတာ အကီအို မီမူရ ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။   
တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment