Friday, January 20, 2017

ယင်းမာပင်မြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ ပညာပေး ဆွေးနွေးပွဲ ကျင်းပ


ယင်းမာပင် ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး      ယင်းမာပင် ခရိုင်     ယင်းမာပင်မြို့နယ်  စိုက်ပျိုးရေး ဦးစီးဌာနမှ  တောင်သူများအား စိုက်ပျိုးရေး ဆိုင်ရာပညာပေး ဆွေးနွေးပွဲကို  ဇန်နဝါရီ   ၂၀  ရက်  နံနက်  ၉  နာရီက  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  ကျင်းပခဲ့သည် ။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များ / ဌာနဆိုင်ရာများ / ခရိုင် / မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ နှင့်  တောင်သူများ တက်ရောက်ကြပြီး  ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမြင့် နှင့် ခရိုင်ဦးစီးမှူး  ဦးသန်းထွန်းတို့က အဖွင့်အမှာစကား ပြောကြားကြသည် ။
ဆွေးနွေးပွဲတွင်  ဒုတိုင်းဒေသကြီး ဦးဝင်းမြင့်က  သီးနှံ  GAP ဆိုင်ရာ နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး  တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ  ဒေါ်ချိုချိုမာ က ဓာတ်မြေသြဇာ ဥပဒေ / နည်းဥပဒေများ ကို  ရှင်းလင်း ဆွေးနွေးသည် ။
ဆက်လက်ပြီး  တိုင်းဒေသကြီး  သီးနှံ ကာကွယ်ရေးတာဝန်ခံ  ဒေါ်စန်းစန်းမြင့် က ပိုးသတ်ဆေးဥပဒေ  နည်းဥပဒေများကို  ရှင်းလင်းဆွေးနွေးပြီး  တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်း က မျိုးစေ့ဥပဒေ နှင့် နည်းဥပဒေများ  ရှင်းလင်းခြင်း နှင့် သီးနှံမျိုးသန့်  မျိုးစေ့ ထုတ်လုပ်ခြင်း  နည်းဥပဒေများကို  ဘာသာရပ်အလိုက်  ရှင်းလင်းဆွေးနွေး ပို့ချကြသည် ။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပရိုဂျက်တာများ အသုံးပြု၍  အသိပညာပေး ဆွေးနွေးကြရာ  တက်ရောက်လာကြသည့်  ယင်းမာပင် ဒေသရှိ  တောင်သူများက တိုင်းဒေသကြီး ပညာပေး အဖွဲ့၏  ရှင်းလင်း ဆွေးနွေးချက် များအပေါ်  စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေး ခြင်း/ မေးမြန်းခြင်း ပြုလုပ်ကြပြီး  စိုက်ပျိုးရေး နှင့် ပတ်သက်၍  သိလိုသည့် မေးမြန်းချက်များကို တိုင်းဒေသကြီး မှ လာရောက်သည့် စိုက်ပျိုးရေး ပညာပေး အဖွဲ့က  ပြန်လည်ဖြေကြားကြသည် ။
အဆိုပါ စိုက်ပျိုးရေး ပညာပေးဆွေးနွေး ပွဲအား ယင်းနေ့ တစ်နေကုန်ပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်း ရှိ တောင်သူ (၃၀)  ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည် ။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment