Friday, January 20, 2017

စာဖတ်ရှိန်မြှင့်တင်ရေး ၊စာဖတ်စွမ်းရည်ပြိုင်ပွဲ၊နံရံကပ်စာစောင်ပြပွဲ၊ဟောပြောပွဲကျင်းပ

လမိုင်း ဇန်နဝါရီ ၁၉
မွန်ပြည်နယ် ၊ လမိုင်းမြို့နယ်ခွဲ၊ တောင်ဘုံကျေးရွာ အ မ က(၂)ကျောင်းတွင် Myanmar Engineering   Construction Co-ltd  (TTCL) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန် မြှင့်တင်ရေး  စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲကို ဇန်နဝါရီလ(၁၉)ရက်နေ့ နေ့လည် (၂)နာရီအချိန်ခန့်က ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် တောင်ဘုံကျေးရွာ အ.မ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး လမိုင်းမြို့နယ်ခွဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာစိုးမှ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် အခြားဗဟုသုတ ရမည့်စာပေများကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး နံရံကပ်စာစောင်များ ၊ဓါတ်ပုံများကိုစိတ်ဝင်စားစွာကြည့်ရှု လေ့လာကြကြောင်းသိရှိရသည်။

No comments:

Post a Comment