Monday, January 30, 2017

ပြည်ပအလုပ်အကိုင် ဥပဒေ ပြင်ဆင်ရေးဆွဲခြင်းနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အမျိုးသား လုပ်ငန်း စီမံချက်တို့တွင် ကျား/မရေးရာ ကိစ္စရပ်များ ထည့်သွင်း နိုင်ရေးအတွက် အမျိုးသားအဆင့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဇန်နဝါရီ ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UN-Women တို့ ပူးပေါင်းကျင်းပသော ပြည်ပအလုပ်အကိုင် ဥပဒေပြင်ဆင်ရေးဆွဲခြင်းနှင့် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာအမျိုးသား လုပ်ငန်းစီမံချက် တို့တွင် ကျား/မရေးရာကိစ္စရပ်များ
ထည့်သွင်းနိုင်ရေး အတွက် အမျိုးသားအဆင့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ Hotel Amara ၌ကျင်းပခဲ့ရာအဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ ကျား/မ ရေးရာအလေးထားရမည့် ကိစ္စများနှင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် CEDAW Committee ၏ ရွှေ့ပြောင်း သွားလာမှုနှင့် ပတ်သက်ပြီး အကြံပြုချက်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေမူကြမ်းနှင့် ရွှေ့ပြောင်းသွား လာခြင်းဆိုင်ရာ အမျိုးသားလုပ်ငန်းစီမံချက်တို့တွင် ရွှေ့ပြောင်း သွားလာခြင်း၌ တွေ့ကြုံရသော ကျား။မရေးရာ အလေးထားဆောင်ရွက် ရမည့်ကိစ္စများ ပါဝင်စေရန် အတွက် ရည်ရွယ်ကျင်းပပြု လုပ်ခြင်းဖြစ်ပါကြောင်း။
သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သောပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအားပြင်ဆင်ဖွဲ့စည်းခဲ့ပြီးရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့ဂုဏ်သိက္ခာနဲ့အညီ စနစ်တကျ ရွှေ့ပြောင်းသွားလာ နေထိုင် လုပ်ကိုင်ခြင်းကို အားပေးသည့်လုပ်ငန်းစဉ်များကို သန္ဓိဋ္ဌာန်ချ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လုပ်ကိုင်နိုင်ရန်သက်ဆိုင်ရာ အလုပ်သမားစေလွှတ်သော အေဂျင်စီများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို ကောင်းမွန်သော အကြံဉာဏ်များပေးခြင်းနှင့် စည်းကမ်းတကျဖြစ်အောင် ကြီးကြပ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ရွှေ့ပြောင်းသွားလာခြင်းနှင့်ပတ်သက်သည့်ဥပဒေပြင်ဆင်မှုများတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ လိုအပ်ချက်များ၊ အခွင့်အရေးများနှင့် ရပိုင်ခွင့်များဆိုင်ရာ ပြဌာန်းချက်များ ထည့်သွင်းရေးဆွဲခြင်း၊ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများ၏ လိုအပ်ချက်များကိုလည်း မူဝါဒများ၊ လုပ်ငန်းစီမံကိန်းများတွင် ထည့်သွင်း စဉ်းစားခြင်းတို့ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော လူမှု ဖွံ့ဖြိုးရေးအား အမှန်တကယ်ရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပြင်ဆင်ရာ၌အမျိုးသမီးများ နှင့်ပတ်သက်၍ ပိုမိုအလေးထားဆောင်ရွက်နိုင်ရေးကို ထည့်သွင်းစဉ်းစားရန်၊ ရွှေ့ပြောင်းသွားလာခြင်း နှင့်ပတ်သက်သော အမျိုးသားအဆင့်လုပ်ငန်းစီမံချက်တွင် ရွှေ့ပြောင်းသွားလာခြင်း၌ကြုံတွေ့ရသောကျား။ မရေးရာ အလေးထား ဆောင်ရွက်ရမည့် ကိစ္စရပ်များထည့်သွင်းနိုင်ရန်အတွက် တက်ရောက် လာကြသည့် ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြုံပြုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား ညနေပိုင်းအထိ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment