Monday, January 16, 2017

ကျေးလက်ဦးစီးဌာန၏ အဆင့်မြင့်မော်တာအပ်ချုပ် စက်သင်တန်းဆင်းပွဲကျင်းပ

သထုံ ဇန်န၀ါရီ ၁၆
ကျေးလက်နေပြည်သူများ လက်မှုပညာဖြင့် ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပြီး ကျေးလက်နှင့် မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်အတွက် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် အဆင်မြင့် မော်တာ အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဇန်န၀ါရီလ ၁၆ ရက်၊ နံနက်က သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခြေခံစက်ချုပ်ပညာ သင်တန်းတွေကို မြို့နယ်အလိုက်ဖွင့်ပေးပြီးသားပါ ခုကအဆင့်မြင့် မော်တာစက်ချုပ်သင်တန်းပေါ့ ဒီဘတ်ဂျက်နှစ်မှာတော့ အဆင့်မြင့်က ဒီတစ်ကြိမ်ဘဲဖွင့်နိုင်တယ်။ သင်တန်းပြီးရင် အခြေခံရသွားပြီး ထပ်ပြီးလေ့လာရင်းနဲ့ အပြင်မှာ ကျွမ်းကျင်စွာ လုပ်ကိုင်စားသောက် နိုင်မှာပါ။ ဌာနအနေနဲ့လည်း ကူညီမှုတွေ လုပ်ပေးသွားမယ်” ဟု သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းက ပြောသည်။
အဆင့်မြင့်မော်တာ အပ်ချုပ်စက်သင်တန်းဆင်းပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှူး ဦးမျိုးကြည်နှင့် တာဝန်ရှိသူတို့က သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလတ်မှတ်များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို တစ်လခွဲကြာဖွင့်လှစ်ခဲ့ပြီး သထုံခရိုင်အတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များမှ သင်တန်းသူ ၂၅ ဦးတို့အား သုံးလွှာစကတ်၊ လေးလွှာစကတ်၊ ချိတ်ထမိန်၊ ဘလောက်အင်္ကျီ၊ အော်တာရှပ်၊ မင်္ဂလာဆောင် ဝတ်စုံ၊ ထိုင်မသိမ်းပုံစံ၊ ပွဲတက်ဝတ်စုံ၊ ဇာအကျီင်္ နှစ်ထပ်ပုံစံ၊ ကုတ်အင်္ကျီ၊ ရင်ဖုံးအင်္ကျီချုပ်နည်း အမျိုးမျိုးတို့အား အခမဲ့ စားရိတ်ငြိမ်း သင်ကြားပေးခဲ့ ခြင်းဖြစ်ကြောင်း သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သက်ဦး(သထုံ)

No comments:

Post a Comment