မောင်တော ဇန်န၀ါရီ ၁၄
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း
လစ်လပ်သွားသောနေရာများအတွက် အမျိုးသား ကျောင်းဆရာ ၅၀၀ ကျော် ခန့်အပ်ပြီး ဖြစ်ကြောင်း
ယနေ့ နံနက် ၉ နာရီက မောင်တောမြို့ အထက(၁)ခန်းမ၌ ကျင်းပသည့် နေ့စားလပေး မူလတန်းပြ ဆရာလောင်း
များနှင့် တွေ့ဆုံပွဲအခမ်းအနားအပြီးတွင် ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းကပြောသည်။
မောင်တောမြို့နယ်နှင့်
ဘူးသီးတောင်မြို့နယ်တို့သည် ဆရာမများနေထိုင်ရေး၊ အခက်အခဲရှိသည့် ဒေသဖြစ်သဖြင့် အမျိုးသား
ကျောင်းဆရာများကို တာဝန်ပေးအပ်ခြင်းဖြစ်သည်။ မောင်တော ခရိုင်အတွင်း လစ်လပ်သည့် မောင်တောမြို့နယ်အတွက်
၂၈၈ ဦးနှင့် ဘူးသီးတောင်မြို့နယ် အပါအ၀င် လစ်လပ်နေရာ များအတွက် ၂၅၃ ဦးကိုခန့်ထားခြင်းဖြစ်ကာ
စုစုပေါင်း အမျိုးသား ကျောင်း ဆရာဦးရေ ၅၄၁ဦး ခန့်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပညာရေးမှူးဦးအောင်ကျော်ထွန်းက
"ဒေသကအခုတည်ငြိမ်နေပါပြီ။ လုံခြုံရေးဆိုင်ရာ လိုအပ်တဲ့အပိုင်းတွေကိုလည်း ပြည်နယ်/ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့
ညှိနှိုင်းပြီး ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ဌာနက အစဉ်အလာအရ နေ့စားလပေး တစ်နှစ်
အစမ်းခန့်ထားပြီး ဆရာအတတ် ပညာတွေပေးတယ်၊ သင်တန်းတွေ ပေးတယ်။ သင်တန်းတွေပေးပြီးရင် အမြဲတမ်း
ဝန်ထမ်းအဖြစ် ခန့်အပ်ပြီးတော့ ၀န်ထမ်းတစ်ယောက် ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေ ရရှိအောင်
ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟုပြောသည်။
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှ
သွားလာရေးခက်ခဲသောဒေသများရှိ ကျောင်းများမှ ဆရာမများအား ၎င်းတို့၏ နေရပ်ဒေသများသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ရာ
မောင်တောမြို့နယ်အတွင်း လစ်လပ်သွားသောနေရာတွင် ခန့်ထားသည့် အသက် (၃၅)နှစ်အောက် နေ့စားလပေးမူလတန်းပြဆရာလောင်း
(၂၈၈) ဦးအား ပြည်နယ်ပညာ ရေးမှူးက ယနေ့တွင်တွေ့ဆုံ၍ သြ၀ါဒ အမှာစကားပြောကြားခဲ့သည်။
နေ့စားလပေးကျောင်းဆရာအဖြစ်
မောင်တောမြို့နယ် တရင်းကျေးရွာ အမကတွင် တာဝန်ကျသည့် ဆရာဦးအေးထွန်းက "မောင်တောဒေသမှာရှိတဲ့
ဒေသခံကလေးတွေရယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေကို သူတို့ရဲ့ ရှေ့အနာဂတ်အတွက် ပညာတတ်တွေ
ဖြစ်အောင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်တတ်ထားတဲ့ပညာကို ပြန်လည်မျှဝေသင်ကြားပေးနိုင်တဲ့
ကျောင်းဆရာအဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ ကျောင်းဆရာဆိုတာကတော့
မည်သည့်လူမျိုးဖြစ်စေ မသိနားမလည်တဲ့ ကလေးတွေကို စာသင်ရမယ့် တာဝန်ရှိပါတယ်။ အဲဒီကလေးတွေကို
ပညာရေး ဘက်မှာ ထူးချွန်အောင် ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ သင်ကြားပေးသွားမှာပါ” ဟုပြောသည်။
သတင်း - ဇင်ဦး၊ ကိုမင်း
ဓာတ်ပုံ - သီဟစည်သူ
No comments:
Post a Comment